“ ဒိုးလုံးရေ ဒိုးလုံး ဟေ့ကောင်ရေ ငါ့ဆီခဏလာခဲ့စမ်းပါဦးကွာ ”
“ ဗျာ သူကြီး ”
ဦးစော၏ အထိတ်တလန့်လှမ်းခေါ်သံကြောင့် ဒိုးလုံးက နွားဖားကြိုးထိုးနေရာမှ ချက်ချင်းပင် အိမ်ပေါ်ပြေးတက်လာသည်။
“ ဘာဖြစ်လို့လဲ သူကြီး ”
“ ငါ့ရှေ့မှာ မြင်နေရတာ ဘယ်သူကြီးလဲ ”
ဦးစောရဲ့အမေးကို ဒိုးလုံးက အာပြဲကြီးဖြင့် ထရယ်သည်။တ၀ရယ်ပြီးတော့မှ
“ သူကြီးကလည်းဗျာ ကိုယ့်သားတောင် ကိုယ်မမှတ်မိတော့ဘူးလား ”
“ ကျားသားမိုးကြိုး ၊ သကောင့်သားက အစောကြီးနိုးနေလို့ပါလားဟေ ”
အဘစကားကြောင့် ဂျောင်ဂု သနပ်ခါးတွေ ဖုန်နေအောင်လူးနေရင်းမှ နှာခေါင်းရှုံ့လိုက်မိသည်။ဂုပြောပြန်ရင်လည်း ဂုအလွန်ဖြစ်ရဦးမည်။ဂုကိုဆို အရမ်းအမြင်ကျဉ်း၊အထင်သေးကြတာပဲ။
“ အော်ဟော် အဘရယ်.. စောစောမထတော့လည်း မထလို့၊ ထပြန်တော့လည်း ထလို့။ ဘယ်လိုလုပ်လုပ်ကို အနှောင့်အသွားမလွတ်ပါလားဗျာ ”
“ နေဖင်ထိုးရုံတင်မက ဖင်ခေါင်းထဲကို နေ၀င်သွားရင်တောင် မနိုးတဲ့လူက ဒီနေ့မှ နေမထွက်ခင်တည်းက အိပ်ယာနိုးနေလို့ အထူးအဆန်းဖြစ်တာ ဆန်းသလားကွ ”
“ ဟူး...ဘ၀ကြီးကလည်း မသာယာလိုက်တာ၊ ဘာလုပ်လုပ်ကို အကောင်းမမြင်ပေးကြပါလား၊ အော် လူ့ဘ၀ လူ့ဘ၀ တယ်ဆိုးလှချည်လား ”
“ သောက်ကြီးသောက်ကျယ်တွေပြောပြန်ပြီ။ ဒါနဲ့ မေးပါဦးမယ် ဘာပြဿနာများရှာမလို့ စောစောထရတာလဲ မောင်မင်းကြီးသား ”
“ ရှာရမှာတော့ မှန်တယ်။အဘပြောသလို ပြဿနာတော့မဟုတ်ဘူး။ ကယ်တင်ရှင်လေးကိုရှာရမှာ ”
“ မိုးမလင်းခင်တည်းက အယုတ္တအနတ္တတွေမပြောစမ်းပါနဲ့ကွာ၊ ကျက်သရေတုန်းလွန်းလို့ ”
“ သူမေးလို့လည်း ဖြေရသေးတယ်။ သွားပြီ သွားပြီး ဂုရဲ့ကယ်တင်ရှင်လေးဆီကို သွားပြီ ”
ဆံပင်ကို အုန်းဆီတွေရွှဲနေအောင် လိမ်းပြီးနောက် ဘေးခွဲလေးဖြစ်အောင် ဘီးနဲ့ ဖြီးသပ်လိုက်ကာ ပုဆိုးကိုအကျအန၀တ်ပြီးထွက်သွားသော သားတော်မောင်ကြောင့် ဒေါ်ယွန်းအုန်း ပုတီးစိပ်နေရင်းမှ ဘုရား,တမိလိုက်သည်။
YOU ARE READING
နွေလယ်မှာ တမာတစ်ခက် မောင့်မေတ္တာတွေ ဒေါက်တာ့အတွက်
Fiksi Penggemarစကားတတ်တဲ့ ရွာသူကြီးသားနဲ့ မြို့သားလေးဆရာ၀န်တို့ရဲ့ အချစ်ဇာတ်လမ်း ~~ 🍂💕