Chapter 8 🍂

505 75 52
                                    

" ဟွန်း.... ဒီလောက်ဆို သိပြီ။ ဂုတို့က ချက်ဆို နားခွက်ကမီးတောက်ပြီးသားပဲ "

" ဘာ... ဘာ သိတာလဲ "

" တမာကုန်းရွာက သူကြီးတို့အိမ်နဲ့ ဒေါက်တာလေးကင်မ်ဆော့ဂျင် ရွှေလမ်းငွေလမ်းဖောက်ချင်နေတဲ့အကြောင်း...."

" ဂျွန်ဂျောင်ဂု !!! "

" ဟားဟား ဖြည်းဖြည်းအော်ပါ ဒေါက်တာရယ်၊ငြိုငြင်တာတော့မဟုတ်ပါဘူးဗျာ ။ မောင့်နားက ခံနိုင်ပေမယ့် ဒေါက်တာ့လည်ချောင်းလေး နာသွားမှာစိုးလို့ "

အပိုတွေပြောလွန်းအားကြီးလှသော စကားတောင်စားကို ဆော့ဂျင် မျက်စောင်းသာထိုးပေးလိုက်သည်။လေအလကားရတိုင်း အပိုတွေသိပ်ပြောလွန်းတဲ့ ကောင်။အလကား အာချောင်နေတာ မသိရင်ခက်မယ်။

" မောင့်ကို အချိန်လေးတော့ပေး "

" ..... "

" မောင်က ငယ်ငယ်တည်းက ပြဿနာကိုလက်သီးနဲ့ပဲဖြေရှင်းလာတဲ့လူဆိုတော့ ဒေါက်တာပြောသလို သနားသက်ညှာဂရုဏာတရားထားပြီး ဖြူစင်မွန်မြတ်လွန်းလှတဲ့ သူတော်ကောင်းတရားကို ကျင့်ဖို့ကျ.... "

" မင်း...စကားကို ရွဲ့မပြောနဲ့နော် အုပ်ကြီး "

" ဟောဗျာ... မောင်က ဘယ်မှာရွဲ့ပြောနေလို့တုန်း... ဒီမှာ ဒေါက်တာရှေ့မှာ တည့်တည့်ကြီးထိုင်ပြောနေတာလေ..."

" ဂျွန်ဂျောင်ဂု!! မင်းကတော့ ငါလုပ်ရင် သေတော့မယ် "

" အဟွန်း...ဒေါက်တာက လုပ်ရဲလို့လားဗျ "

ဂျောင်ဂု ပါးစောင်ကို လျှာထိုးလိုက်ကာ ခပ်ထေ့ထေ့ မေးလိုက်သည်။သူပြောတဲ့စကားကို ဒေါက်တာက ဘယ်လိုထင်မလဲမသိပေမယ့် သူမေးလိုက်တဲ့ရည်ရွက်ချက်က ညစ်ညစ်ပတ်ပတ်တွေဖြစ်နေကြောင်းကိုတော့ ညစ်ကျယ်ကျယ်အပြုံး,ပြုံးထားတဲ့ သူကိုယ်တိုင်သာ သိလိမ့်မည်။

" ဘာလဲ..မလုပ်ရဲဘူးထင်နေတာလား၊မင်းတစ်ယောက်တည်း ခြေတွေလက်တွေပါတာမဟုတ်ဘူး၊ငါလည်း လက်သီးထိုးတတ်တယ်ကွ "

" တကယ်ကြီးလား... ဒေါက်တာက တကယ်ပဲ ဘာမဆိုလုပ်ရဲတာလားဗျ "

" အေး..."

နွေလယ်မှာ တမာတစ်ခက် မောင့်မေတ္တာတွေ ဒေါက်တာ့အတွက်Where stories live. Discover now