Chapter 6 🍂

531 70 48
                                    

“ ငါ မင်းကို စဉ်းစားပေးမယ် ”

ကြိုတင်မစဉ်းစား၊ မရည်ရွယ်မိပါပဲနဲ့ ပြောထွက်သွားသော စကားကြောင့် ဆော့ဂျင် ရှက်စိတ်ဖြင့် ပူထူလာကာ နှုတ်ခမ်းကိုသာ ခပ်တင်းတင်းဖိကိုက်မိသည်။ဂျောင်ဂုမှာ ရှေ့က ရှက်သွေးဖြာနေသည့် ဒေါက်တာလေးရဲ့စကားကို ကြားပြီး ကိုယ့်နားကိုယ်မယုံနိုင်သေး။ရင်ထဲရှိတဲ့အတိုင်း အလေးအနက်မျှော်လင့်ပြီး ပြောလိုက်တာပေမယ့် ဒီလိုမျိုး မြန်မြန်စဉ်းစားပေးမယ်လို့ သူတကယ်မထင်ထားခဲ့။

“ တကယ် တကယ် ပြောတာနော် ဒေါက်တာ ”

“ ငါက မင်းလို စကားကို ပေါက်ပန်းလေးဆယ်မပြောတတ်ဘူး ”

ဆော့ဂျင်ပိတ်ဟောက်လိုက်တော့ ဂျောင်ဂုက ‌ပခုံးလေးတွန့်ကာ သွားကြီးကြီးတွေ ဖြီးခနဲပေါ်လာသည်အထိ ပြုံးပြလာ၏။

“ ဟာဗျာ ပျော်လိုက်တာ ၊ ဖိတ်စာတခြမ်းကြိုရိုက်ထားလိုက်တော့မယ် ”

“ ဟေ့ကောင် မင်းကို ငါစဉ်းစားပေးမယ်လို့ပဲ ပြောတာလေ၊ ပြန်ကြိုက်ပါ့မယ်ပြောသေးလို့လား ”

“ စဉ်းစားပေးမယ်ဆိုတာကိုက ပြန်ကြိုက်ဖို့သေချာသလောက်ရှိနေပြီလေ။ ဒေါက်တာနဲ့ မောင်နဲ့ ရည်းစားဖြစ်တဲ့နေ့က မင်္ဂလာပွဲကျင်းပတဲ့နေ့ပဲ ။ ချက်ချင်းတန်းယူပစ်မှာဗျ ”

“ တော်ပြီ တော်ပြီ ခုနက စကားကို ငါပြန်ရုတ်သိမ်းတယ်။ မင်းလို ဘ၀င်‌လေဟပ်နေတဲ့အခွင့်အရေးသမားကို မစဉ်းစားပေးနိုင်တော့ဘူး ”

“ ဟာ ဒေါက်တာ... ပြောပြီးစလစ် နံပါတ်တစ်နော်။ကြမ်းကျွံရင်နှုတ်ရပေမယ့် စကားကျွံရင်နှုတ်မရဘူးဗျ။ လူကြီးဖြစ်ပြီး စကားကိုမတည်ဘူး ကြည့် ... ”

“ စကားတည်ချင်စရာကောင်းအောင် မင်းကအချိုးပြေနေလို့လား ”

ဆော့ဂျင် မျက်မှောင်ကျုံ့၍ မျက်ခုံးတွေကို တွန့်ချိုးကာ ပြောလိုက်တော့ ဒင်းက ပခုံးတွေသိမ့်သိမ့်တုန်ခါနေအောင် ရယ်သည်။အဲ့လိုမျိုး သူရယ်နေတိုင်း ဆော့ဂျင်စိတ်ထဲ ဘာတွေကို မကျေမနပ်ဖြစ်မှန်း မသိဖြစ်ရ၏။ဖြစ်နိုင်တာကတော့ ဂျောင်ဂုရယ်နေတာမြင်တိုင်း ငေးခနဲဖြစ်သွားရသည့် ကိုယ့်စိတ်ကိုကိုယ် ဒေါသတွေထွက်ရတာပဲဖြစ်မည်။

နွေလယ်မှာ တမာတစ်ခက် မောင့်မေတ္တာတွေ ဒေါက်တာ့အတွက်Where stories live. Discover now