သင်္ကြန်အကြိုနေ့မရောက်ခင် တရက်အလို....။
သူကြီးတို့ခြံဝိုင်းထဲတွင် ရွာသူရွာသား အတော်အများ စုဝေးလျက်ရှိသည်။တစ်ယောက်တစ်ပေါက် စကားများကြောင့် အတော်လေးကို ပွက်ညံနေသော အခြေအနေဖြစ်၏။အကြောင်းမှာ ရွာတွင် တန်ခူးလတိုင်း နှစ်စဉ်ကျင်းပလျက်ရှိသော စုပေါင်းအလှူကြီးတွင် အုပ်ကြီးတစ်ယောက် ဘုန်းကြီးဝတ်မည်ဟု ဆိုသောကြောင့်ပင်။ထို့ကြောင့်လည်း ဤမျှလောက် ဆူညံရသည်အထိ အားလုံး အံ့အားသင့်နေကြခြင်း...။
ဦးဂျွန်စောနှင့် ဒေါ်ယွန်းအုန်းခင်မျာ သားဖြစ်သူကိုလူလားမြောက်သည့်အရွယ်တည်းက နှစ်စဉ်နှစ်တိုင်း ရွာအလှူမှာ သာသနာ့ဘောင်ထဲဝင်ဖို့ တိုက်တွန်းခဲ့ပါသော်လည်း အမြဲတမ်း ခါးခါးသီးသီး ငြင်းဆန်ခဲ့ပြီး အခုကျမှပဲ ဆရာဝန်လေးရဲ့စကားတစ်ခွန်းကြောင့် ချက်ချင်းခေါင်းထညိမ့်သဖြင့် အတော်လေးကိုမှ အံ့အားသင့်ခဲ့ကြရပါသည်။
“ ဟေ့ကောင် အုပ်ကြီး မင်း သေချာမှ လုပ်နော်၊ ဒါ ကလေးကလား လုပ်စရာကိစ္စတော့မဟုတ်ဘူး ”
“ ဖေကြီး...ကလေးကို စိတ်ပြောင်းအောင်လို့ ရှင်ဘယ်လိုတွေပြောနေတာလဲ။သားလေးက လိုလိုလားလား ကုသိုလ်ယူမယ့်ကိစ္စကို ရှင် ပိတ်ပင်နေတာ ကောင်းသလား ”
“ ပိတ်ပင်နေတာမဟုတ်ဘူး မိန်းမရေ။ မင်း သားအကြောင်း မင်းလည်းသိတာပဲ။ အခုစာကလေး အခုဆီထမင်းကြော် လုပ်တတ်တဲ့ ကောင်မို့လို့ သေချာအောင် မေးနေတာဟေ ”
“ ဟို ဟို သူကြီး... သူ အဲ့လိုလုပ်မှာတော့ မဟုတ်ပါဘူး၊ ဒီတခါတော့ စိတ်ချလက်ချ ယုံကြည်မှုပေးလိုက်ပါ ”
သူကြီးနဲ့သူကြီးကတော်တို့၏ စကားဝိုင်းထဲသို့ အုပ်ကြီးဘက်မှ ရှေ့နေလိုက်ပေးနေသော ဆရာဝန်လေးကြောင့် ရွာသူရွာသားအပေါင်းမှာ ဒုတိယမ္ပိ အံ့အားသင့်ရပြန်ပေသည်။တကယ်ဆိုရင် ဆရာဝန်လေး၏အကျင့်စရိုက်နှင့် အုပ်ကြီး၏အကျင့်စရိုက်သည် မီးနှင့်ရေပမာ ကွာခြားလွန်းလှသည်။
ဒါကို ဘယ်လိုများ ဒီလောက်ထိ ရင်းနှီးသွားကြလဲမသိ။ပို၍ အထူးဆန်းဆုံးကတော့ တမိုးအောက်နှစ်ယောက်မရှိတဲ့အုပ်ကြီးက လူတစ်ယောက်ရဲ့ စကားတခွန်းကို ခွန်းတုံ့ပြန်ခြင်း အလျဉ်းမရှိပဲ နာခံလိုက်ခြင်းဖြစ်၏။မိဘစကားတောင်မှ ကန်တော့ပါရဲ့...ပေါင်ကြားထဲတောင်ညှပ်သည့်လူမျိုးမဟုတ်။
YOU ARE READING
နွေလယ်မှာ တမာတစ်ခက် မောင့်မေတ္တာတွေ ဒေါက်တာ့အတွက်
Fanfictionစကားတတ်တဲ့ ရွာသူကြီးသားနဲ့ မြို့သားလေးဆရာ၀န်တို့ရဲ့ အချစ်ဇာတ်လမ်း ~~ 🍂💕