Chapter 9 🍂

739 79 56
                                        

တောက်!

တမာကုန်းရွာ၏ ရွာဦးဘုန်းကြီးကျောင်းရဲ့ ကျက်သရေဆောင်ခန်းထဲတွင် ဆရာတော်၏ တောက်ခေါက်သံသည် ဟိန်းခနဲ..။

အုပ်ကြီးနှင့်တကွ သူ၏အပေါင်းအသင်းရောင်းရင်းတို့သည် ခေါင်းကိုငုံ့ထားလိုက်ကြသည်မှာ ကြမ်းပြင်နှင့်ပင်ထိလုမတတ်ဖြစ်နေသည်။ဆရာတော်ရဲ့ ခေါ်‌ဆောင်မှုကြောင့် အိပ်နေတုန်း ကမန်းကတန်းထလာကြခြင်းဖြစ်၏။အခုလည်း ဆရာတော့်ရှေ့မှာ အိပ်ငိုက်သူက ငိုက်လို့..။

“ ကိုယ့်ရွာကိုယ့်အရပ်မှာ လာပြီးကောင်းကျိုးပြုတဲ့လူကိုတောင့် အနှောင့်အယှက်မပေးပဲ နေလို့မရဘူးလားကွ...ဟေ ”

“ ... ”

“ မင်းတို့ ဘယ်လောက်ပဲ ရိုင်းစိုင်းဆိုးသွမ်းပြီး လူစကားနားမလည်တဲ့ လူတွေဖြစ်ကြပါစေဦးတော့...ဆရာမလေးကိုတော့ အလွတ်ပေးကြစမ်းပါ။ပြောရင်းနဲ့ကို ဒေါသထွက်တယ်ကွာ..မင်းတို့ ငါလုပ်လိုက်ရ နာတော့မယ် ”

ဆရာတော်က ဆူနေရင်းနဲ့ကို စိတ်တိုလာဟန်တူသည်။ကြမ်းပြင်ကို ကြိမ်လုံးဖြင့် အားပါပါလွှဲရိုက်လိုက်သည်။ကြိမ်လုံးသံကြောင့် ယွန်းဂီတစ်ယောက် အိပ်ငိုက်နေရင်းမှ မျက်လုံးလေး အနည်းငယ်ပြန်ပွင့်လာပြီး ခေါင်းထောင်ကြည့်လာသည်။

မနေ့ညက အုပ်ကြီးတို့တသိုက် ဆေးခန်းရှေ့မှာ သီချင်းသွားဆိုကြတာကို ဆရာတော်က ဆရာမလေး မမမိုးကို လာရောက်ပိုးပန်းတာဟု ထင်နေပုံရသည်။ဒီမနက် ကျောင်းကို အလာတုန်းက အုပ်ကြီးက တကယ့်အဖြစ်မှန်ကို မပြောဖို့ နှုတ်ပိတ်ထားသဖြင့် ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘယ်သူမျှ တခွန်းမှ မဟရဲကြ။

“ ဟေ့ကောင်တွေ မင်းတို့ ငါပြောတာရော နားပါကြရဲ့လား ”

“ တင်ပါ့ဘုရား...ပါပါတယ်ဘုရား။ ကြားပါတယ်ဘုရာ့  ”

အုပ်ကြီးက သူ့ဝသီအတိုင်း စကားကို မသိမသာ‌လေး ခပ်နောက်နောက် ပြန်ပြောလိုက်သည်။

“ အုပ်ကြီး!! ဒီကိစ္စရဲ့ခေါင်းကိုင်က မင်းမဟုတ်လား ”

ဆရာတော့်စကားကြောင့် ဂျောင်ဂု စိတ်ထဲအနည်းငယ်ညစ်သွားသည်။သူကြိုက်နေတာ အဲ့ဒီအပျိုကြီးမှမဟုတ်တာ။ဒါကြောင့် ဒေါက်တာ့ကိုကြိုက်လို့ ဒေါက်တာ့ကိုသွားပိုးတာပါလို့လည်း အမှန်အတိုင်းမပြောလိုက်ချင်။ဒေါက်တာလေးရဲ့ သိက္ခာကရှိသေးသည်လေ။ဘယ်သူဘာဖြစ်ဖြစ် ဂရုမစိုက်ပေမယ့် သူ့ဒေါက်တာလေးကိုတော့ ဟင် ဆိုပြီး ငြိုငြင်သွားကြမှာကို အနည်းငယ်တောင်မလိုလားပါ။

နွေလယ်မှာ တမာတစ်ခက် မောင့်မေတ္တာတွေ ဒေါက်တာ့အတွက်Where stories live. Discover now