Chapter 17 🍂

827 73 24
                                        

အုပ်ကြီးဘုန်းကြီးဝတ်နေစဉ် အချိန်တွင်းတုန်းက ပေါက်ဖော်ရောင်းရင်းများက အစဉ်အလာမပြတ် ကဲထားကြပြီးဖြစ်သည့်အတွက် အုပ်ကြီး ပြန်လာချိန်မှာ ရေကစားမယ့်မဏ္ဍပ်က အဆင်သင့်။အဆင်သင့်မဖြစ်သေးတာဆိုလို့ တစ်ခုပဲ ရှိသည်။အဲ့ဒါကတော့ အုပ်ကြီးရှိမှ လုပ်လို့ရမည့်အရာဖြစ်၏။

အုပ်ကြီးနှင့်တကွ ရွာ၏ချဉ်ဖတ်တစ်သိုက်သည် ဓမ္မာရုံဘက်သို့ တက်ညီလက်ညီ ခြေလှမ်းများ ဦးတည်နေကြသည်။ဓမ္မာရုံကို သွားရသည့်အကြောင်းကတော့ အသံချဲ့စက်သွားငှားခြင်းဖြစ်၏။ငှားတယ်ဆိုတာထက် သွားလုမှာဟုပြောလျှင် ပိုတိကျ‌ပါသည်။ဒီလိုကိစ္စမျိုးဆိုရင် အုပ်ကြီးပါမှ အထမြောက်သည့်အတွက် အုပ်ကြီးကို မရှိမဖြစ် လိုအပ်ကြပါ၏။

“ ဗျို့... ဦးဖိုးပြား ”

အုပ်ကြီးအသံကိုကြားသည်နှင့် ဓမ္မာရုံထဲက နိဗ္ဗာန်ဆော် ဦးဖိုးပြားတစ်ယောက် ခေါင်းနပန်းကြီးသွားရသည်။ဒီနှစ်သင်္ကြန် အုပ်ကြီး ဘုန်းကြီးဝတ်တယ်ဆိုလို့ နှစ်တိုင်းရခဲ့ရတဲ့ စိတ်ဒုက္ခလေး ကင်းဝေးပြီဆိုပြီး အပျော်လုံးဆို့နေရှာတာ။ခုတော့ဖြင့် ဘယ်လိုဖြစ်ရတာတုန်း။လူထွက်တာ မြန်လှချည်လားကွာ...။

“ ထုံးစံအတိုင်းဗျာ...အသံချဲ့စက်နဲ့ မိုက်ခရိုဖုန်းလေး လုပ်ပါဦး။ဒီနှစ်တော့ တရက်တည်းပဲ လာယူတာနော်။ကြည်ကြည်ဖြူဖြူလေး ပေးလိုက် ”

“ ရေဝင်ပြီး ပျက်သွားရင် မင်းပြန်ပြင်ပေးမှာလား ”

“ ပိုင်ရှင်က ဦးဖိုးပြားမဟုတ်လား၊ပိုင်ရှင်ဖြစ်တဲ့လူက ကိုယ့်ပစ္စည်းကိုယ်ပြန်ပြင်ရမှာပေါ့ဗျ ”

“ ဘာကွ၊မင်း လုပ်လို့ပျက်တာလေ။ဒီနှစ်တော့ ကိုယ့်ဘာသာပြင်နော် အုပ်ကြီး။ငါ့မှာ မင်းတို့ဖျက်စီးသွားပြီးတိုင်း ပြန်ပြင်နေရတာ နှစ်တိုင်းပဲ ”

“ အို ဦးဖိုးပြားရယ်...ဖျက်ဆီးပစ်တယ်လို့ မပြောပါနဲ့ဗျာ။ ပစ္စည်းသင်္ခါရ၊လူသင်္ခါရပဲဗျာ။ဖြစ်ပြီးရင် ပျက်တတ်တာဟာ ဓမ္မတာပါဗျ ”

“ ပြင်ရတော့ ငါ့ပိုက်ဆံနဲ့လေကွ ”

“ အဲ့လို ငါ့ဟာ၊ငါ့ပစ္စည်း၊ငါ့ဥစ္စာဆိုတဲ့ ငါစွဲတွေ မထားစမ်းပါနဲ့ဗျာ။အခုနေသာ ဦးဖိုးပြား နှလုံးရပ်ပြီး ခေါက်ခနဲ သေကြည့်လိုက်။နောင်ဘဝ တိရိစ္ဆာန်ဖြစ်မှာဗျ ”

နွေလယ်မှာ တမာတစ်ခက် မောင့်မေတ္တာတွေ ဒေါက်တာ့အတွက်Where stories live. Discover now