Chapter 5 🍂

824 78 37
                                        

“ ဆရာ၀န်လေး ဒေါ်ဒေါ့်သားလေး ဘယ်တော့လောက်မှပြန်ကောင်းမလဲဟင် ”

ဒေါ်အုန်း၏‌အမေးကြောင့် ဆော့ဂျင်သက်ပြင်း ခပ်ဖွဖွ ချမိလိုက်သည်။ဒဏ်ရာက ၁၂ ချက်ချုပ်လိုက်ရသဖြင့် အရှင်းပျောက်ဖို့ဆိုရင် ၁လနီးပါးလောက်အချိန်ယူရဦးမှာဖြစ်၏။

“ အနေအထိုင်ဆင်ခြင်ပြီး ဂရုတစိုက်နေမယ်ဆိုရင်တော့ နှစ်ပတ်ကျော်လောက်နဲ့ ပြန်သက်သာနိုင်ပါတယ် ဒေါ်ဒေါ် ”

“ ဘုရားသိကြား,မလို့ပေါ့ကွယ်၊ သားလေးသာ တစ်ခုခုဖြစ်ရင်တော့ မေကြီးမှာရင်ကျိုးရချည်ရဲ့ ”

ဒေါ်အုန်းက ပြောပြောဆိုဆိုဖြင့် ခုတင်ပေါ်က သူမသားကို ဖက်ငိုသည်။မိဘတွေက ဒီလောက်စိုးရိမ်ပူပန်နေတာတောင် သူ့မှာ နောင်တတရားဆိုတာကမရှိ။သူ့သူငယ်ချင်းတွေနဲ့ပြောလိုက်တဲ့စကားတိုင်းက သတ်မယ်ဖြတ်မယ် တကဲကဲနဲ့ လူမိုက်တောထဲကကို မထွက်တော့။

“ မေကြီးရယ် မငိုပါနဲ့တော့ကွာ။ဒီကောင်က ဒီလိုခံလိုက်ရမှ မှတ်မှာ ”

“ အို ဖေကြီးကလည်း ရှင်ဘယ်လိုပြောလိုက်တာလဲ။ ကျွန်မသားလေး တစ်ခုခုသာဖြစ်ကြည့် ရှင်နဲ့ကျွန်မနဲ့ အကွာပဲ ”

“ ငှဲ ”

စကားနိုင်လုနေသော လင်မယားနှစ်ယောက်ကို ကြည့်ပြီး မမမိုးက ပြုံးစိစိလုပ်နေသည်။ဆော့ဂျင်ကို တံတောင်နဲ့ လှမ်းတွတ်လိုက်ကာ

“ သူတို့သားကိုတော့ အတော်လေးချစ်ပုံ‌ပဲ‌ဟေ့ ”

မမမိုးစကားကို ဆော့ဂျင်လည်းထောက်ခံပါသည်။အုပ်ကြီးက ဘယ်နေရာမှ အချိုးမပြေနေသော်လည်း ချစ်မွှေးတော့ ပါလာပုံရသည်။ရွာထဲကအဖိုးအဖွားတွေကလည်း သူ့ကိုဆိုရင် သဲသဲလှုပ်။ထို့ကြောင့်လည်း အရည်အချင်းမရှိပဲ အုပ်ချုပ်ရေးမှူးရာထူးကိုရခဲ့ခြင်းဖြစ်၏။အုပ်ချုပ်ရေးမှူးနေရာအတွက် မဲထည့်ပြီး ရွေးချယ်ကြရာ   ရွာထဲက အိမ်ပေါင်း ၃၂၁ အိမ်မှာ ၃၂၀ အိမ်က ဂျောင်ဂုကို အုပ်ကြီးအဖြစ် မဲပေးကြသည်။ကျန်တဲ့ မဲမပေးတဲ့ တအိမ်ကတော့ သူကြီးတို့အိမ်ပင်ဖြစ်သည်။

“ ဆရာ၀န်လေးရေ သူ့ကို အိမ်ပြန်ခေါ်သွားလို့ရပြီမဟုတ်လား ”

နွေလယ်မှာ တမာတစ်ခက် မောင့်မေတ္တာတွေ ဒေါက်တာ့အတွက်Where stories live. Discover now