Chapter 16 🍂

354 54 8
                                    

ဒီနေ့ဟာ သင်္ကြန်အတတ်နေ့။ အုပ်ကြီးလူထွက်သောနေ့ဟု ဆိုရင်လည်း မှန်ပေ၏။ဆရာ‌တော်ကအစ  ငါးရက်‌လောက်တော့ ဝတ်ပါဦးဆိုပြီး ဝိုင်းဆွဲထားပါသော်လည်း မရ။ ကနဦးတည်းက ရှင်မပြုခင် လူထွက်ချင် ဖြစ်နေသောလူဖြစ်သည့်အတွက် သိကြားမင်း ဆင်းလာပြီး နားချရင်တောင် မရနိုင်ပါ။

ဒီမနက် ဝေလီဝေလင်းတည်းက အစောကြီးထပြီးလူဝတ်လဲပြီးသည်နှင့် ကျောင်းထိုင်ဆရာတော်ကို ဦးသုံးကြိမ်ချ ကန်တော့နှုတ်ဆက်သည်။

“ အိမ်း...တရားနဲ့ထိတွေ့ဖူးခဲ့ပြီဆိုတော့ အရင်ကလို ဆိုးဆိုးသွမ်းသွမ်းတွေကိုလည်း လုပ်သင့်၊မလုပ်သင့် ဆင်ခြင်တော့ပေါ့ ”

“ တင်ပါ့ ဘုရား ”

“ သံသရာကလွတ်မြောက်ဖို့ မကြိုးစားနိုင်ရင်တောင် ဘဝကူးကောင်းဖို့အတွက်တော့ ဆင်ခြင်သင့်တာဆင်ခြင်ပါ ဒါယိကာကြီး၊ငယ်တော့တဲ့ အရွယ်လည်း မဟုတ်တော့ဘူး ”

“ အိမ်ထောင်ပြုပြီးရင်တော့ ဆင်ခြင်သင့်တာ အကုန် ဆင်ခြင်ပါတော့မယ်ဘုရား ”

“ အံမယ်... မင်းက အိမ်ထောင်ပြုဦးမယ်ပေါ့လေ ”

“ ဪ ဆရာတော်ဘုရားကလည်း တပည့်တော်လည်း ပုထုဇဉ်တစ်ယောက်ပါပဲ။ ကိလေသာကင်းစင်တဲ့ အရိယာ မဖြစ်သေးတော့လည်း အနှောင့်အဖွဲ့လေးတွေ တွယ်ငြိချင်သေးတာပေါ့ ”

ဘုန်းကြီးလူထွက် အုပ်ကြီးအပြောကြောင့် ဆရာတော် ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ပြုံးမိလေသည်။တော်သေးသည်...သုံးရက်ပဲဝတ်ပေလို့။တစ်လလောက်သာ ဝတ်ရင် ကျောင်းထိုင်ပါ တက်လုပ်နိုင်ချေရှိ၏။နဂိုတည်းက စကားကြွယ်ပါသည်ဆိုမှ တရားသဘောလေးနဲ့ နည်းနည်းထိတွေ့လိုက်တော့ အရင်ကထက်တောင် ပို၍ စကားကြီးစကားကျယ် နိုင်လာသည်။

* စာမတတ် ကျမ်းကြေ ဆိုတာ ဒီလိုကောင်မျိုးကို ပြောတာ!

“ အလိုလေးလေး...ဟုတ်ပါပြီ အုပ်ကြီးရယ် ”

“ ဒါဆို တပည့်တော်ကို ပြန်ခွင့်ပြုပါဦးဘုရား ”

“ အေး အေး... ငါမှာတာတွေလည်း မမေ့နဲ့ဦးနော် အုပ်ကြီး ”

“ တင်ပါ့ဖျား ”

>>>>>>>>>>>>>>

ယောကျာ်းတို့ ဘဝမှာ အပျော်ဆုံးနေ့ ( ၃ ) နေ့ရှိသည်ဟု ရှေးလူကြီးတွေ ပြောတာကြားဖူးသည်။ရှင်လူထွက်သောနေ့ရယ်၊ထောင်ထွက်သောနေ့ရယ်၊မိန်းမယူသော နေ့ရယ်တဲ့။

နွေလယ်မှာ တမာတစ်ခက် မောင့်မေတ္တာတွေ ဒေါက်တာ့အတွက်Where stories live. Discover now