Chapter 7 🍂

548 73 31
                                    

“ မောင်လေးရေ ဒီမနက် ဘာမှမချက်နေနဲ့တော့။သူကြီးတို့အိမ်က ထမင်းစားလာဖိတ်ထားတယ် ”

မမမိုးက ဆေးခန်းသို့ရောက်ရောက်ချင်း ခြံထဲမှာ တံမြက်စည်းလှဲနေတဲ့ ဆော့ဂျင်ကို အသိလှမ်းပေးသည်။

“ အာ ဟုတ်လား...ကျွန်တော်လည်း ဒီမနက် ဘာချက်စားရမလဲမသိဖြစ်နေတာနဲ့ အတော်ပဲ ”

“ အေး ဟန်ကျသွားတာပေါ့ကွယ်၊အခုရက်ပိုင်းက ဟင်းစားရှားတယ်။အသီးအရွက်လောက်ပဲ ပေါတော့တာ ”

“ ဟုတ်တယ် မမမိုးရေ၊ဒီနှစ်ရက်သုံးရက်ကတော့ ချဉ်ရည်ဟင်း၊အရွက်ကြော်‌နဲ့တင် နှစ်ပါးသွားနေရတာဗျ ”

“ အသီးအရွက်စားတော့ အသားလှတာပေါ့ကွယ်၊ အသားအရည် လှတော့ ငါ့မောင်ကို ရွာထဲကအပျိုလေးတွေ ပိုပြီးသည်းသည်းလှုပ်တာပေါ့ ”

မမမိုးက လှမ်းနောက်တော့ ဆော့ဂျင် ရယ်ကျဲကျဲဖြင့်သာ ဂုတ်ပိုးကို ပွတ်သပ်လိုက်မိသည်။ရွာထဲကအပျိုလေးတွေ သည်းသည်းလှုပ်၊မလှုပ်တော့မသိဘူး။လောလောဆယ်တော့ သူ့မှာ အုပ်ကြီးရဲ့ သည်းသည်းလှုပ်ခြင်း‌ကို ခံရနေလေသည်။အုပ်ကြီးအကြောင်းတွေးမိတာနဲ့ ညတုန်းကအဖြစ်ကို ပြန်သတိရမိသွားတော့ ဆော့ဂျင် နှုတ်ခမ်းတွေပြုံးစိစိဖြစ်သွားရသည်။

“ အော် ဒါနဲ့... ရှင့်လူနာတဇွတ်ထိုးသမားကြီး မနေ့က သူ့ကိုချောင်းရိုက်တဲ့ကောင်ကို ထိုးကြိတ်လိုက်တာ သတိတောင်လစ်သွားသတဲ့ ”

“ အမ်...အဲ့လောက်တောင်လား ”

“ ဟုတ်တယ်...မမမိုး မနက်အစောတုန်းက ပဲပြုတ်သည် ပေါက်ပေါက်ဆီကနေ ကြားခဲ့တာ။သိတဲ့အတိုင်း သူက နာမည်နဲ့လိုက်အောင် ပေါက်ပေါက်ဖောက်နိုင်လွန်းတဲ့ သတင်းတွေကို အစုံသိတယ်လေ ”

“ အုပ်ကြီးရော ဘာဖြစ်သွားသေးလဲ ”

ဆော့ဂျင် စိတ်ပူစွာဖြင့် မေးလိုက်မိသည်။ညတုန်းက ဆေးခန်းရှေ့မှာ သီချင်းလာဆိုတုန်းကလည်း မှောင်နေသဖြင့် သူ့အခြေအနေကို ကိုယ်ကသိရတာမဟုတ်။ဒါပေမယ့်လည်း သီချင်းတောင် ဖြောင့်ဖြောင့်တန်းတန်း ဆိုနိုင်သေးတာပဲ။သိပ်တော့ စိုးရိမ်စရာရှိမှာ မဟုတ်လောက်ပါ။

နွေလယ်မှာ တမာတစ်ခက် မောင့်မေတ္တာတွေ ဒေါက်တာ့အတွက်Where stories live. Discover now