Chapter-1

17.7K 464 7
                                    

Unicode-

"ပုံရိပ်ချည်နှောင်၊ဒင်း မြို့ကပြန်ရောက်ထဲက အဲ့ခေါက်ဆွဲထုပ်တွေကိုပဲ
နေ့တိုင်းပြုတ်စားနေတာ ဟိုဘက်ရွာက
လှထွန်းအောင် ရဲ့ညီမလေးဆို ၊
အဲ့ခေါက်ဆွဲတွေကိုစားလို့ဆံပင်မွေးတွေကျွတ်ကုန်လို့ အခုဆိုခပ်ပါးပါးပဲ
ရှိတော့တယ်လို့ကြားတယ်"

မန္တလေး မြို့ပိုင်၊ရွာငယ်လေးတစ်ခုတွင်
ဖြစ်သည်။

ပျဥ်ထောင်နှစ်ထပ်အိမ် ၏အောက်ထပ်
မီးဖိုဆောင်တွင် ရေနွေးပူပူအား
ယန်ယန်ခေါက်ဆွဲနှစ်ထုပ်ထည့်ကာ
ပြုတ်နေသော ပုံရိပ်ချည်နှောင်
ဆိုသည့် ကောင်ကလေးမှာ မိခင်ဒေါ်
ရိပ်နှောင်းခိုင် ၏အပြောအားကြားသည်နှင့် မီးများရန်အပေါက်ပါသော ဝါးလုံးအားမှုတ်နေရင်းမှ

"အမေရယ်၊မြို့ကအလုပ်သမတွေဆို
ဟင်းရယ်တောင်ချက်မစားတော့ပဲ
ခေါက်ဆွဲပြုတ်ကိုသွားလေရာသယ်သွားတဲ့ ခတ်မှာ သားဒါလေးစားတာဘာမှမဖြစ်ပါဘူး"

သေးသွယ်သောခန္ဓာကိုယ်လေးနှင့်
ပုံရိပ်ချည်နှောင် သည် မြို့တွင်ကျောင်းတက်ပြီး ပြန်သာသည်မှာ၁ပတ်ပင်
မပြည့်သေးပေ။

ဒေါ်ရိပ်နှောင်းခိုင် သည် မြို့ကြီးပြကြီး၏ လုပ်သမျှကိစ္စများအား အားကျကာ လိုက်လုပ်နေသော
သူမ၏တစ်ဦးတည်သောသားအား
မငြိုငြင်ရက်ပေ ကလေးမှာငယ်စဥ်ကထဲ ကဖခင်ဆုံးရှာပြီး မိခင်နှင့်သာ
လုပ်ကိုင်စားသောက်ရင်း တစ်ဖက်ကလဲကျောင်းတက်စာကြိုးစားပေးရှာသည်။

ဒေါ်ရိပ်နှောင်းခိုင် မှာခါးထောက်လိုက်ရင်းဖြင့်

"ဟဲ့တူမလား၊ဟိုကအဲ့တာတွေကို
စားနေကျလေ ဘာဖြစ်မလဲ ဟိုကမြို့သူမြို့သားတွေ ၊မင်းကဒီရွာမှာမွေး
ရွာစာ စားလာတာလေ "

"စားကောင်းတယ် အမေရဲ့၊စားမလား"

"တော်ပါအေ၊ ကျုပ်ဖြင့်မကြိုက်ပေါင်
အနံ့ရတာနဲ့တင် အော့အန်ချင်နေပြီ"

"စားလဲမစားကြည့်ပဲနဲ့၊ဒါကိုလေဟော့ဒီလိုကြက်ဥကလေးဖောက်ထည့်ပြီးစားရင်သိပ်သိပ်စားလို့ကောင်း"

ပြောရင်း စတီးဇလုံထဲသို့ကြက်ဥတစ်လုံးဖောက်ထည့်လိုက်လေသည်။

အညာမြေမှခေါက်ဆွဲပြုတ်Where stories live. Discover now