Unicode-
ဇာတ်ပွဲဒုတိယနေ့ဖြစ်သည်။
အားလုံးကပုံမှန်ပြောဆိုသွားလာနေကြပြီး ဇာတ်ပွဲအချိန်မရောက်သေးသည့်
အတွက် နေရာယူသူကယူမုန့်ထွက်ဝယ်သူကဝယ်ဖြင့်၊မနေ့ညကသတင်းအား လူအနည်းစုကသိပြီးလာရောက်မေးမြန်းကြသည်။
သို့သော် မဟုတ်ကြောင်း၊ကို အခါခါ
ရှင်းပြလိုက်ရသည်။မိုင်းဇမင်းရောင်ကပါ သူတို့ကဘာမှမဟုတ်ကြောင်းနှင့် သူသည်ချစ်ရပါသောမိန်းမငယ်လေးတစ်ယောက်ရှိကြောင်းကိုပါပြောလိုက်သဖြင့်၊
ပုံရိပ်နှင့်မိုင်းဇတို့၏သတင်းမှာ ခဏအကြာတွင်ပျောက်သွားလေပြီး၊
မိုင်းဇမင်းရောင်လိုလူ့ကပ်စေးကဘယ်မိန်းမပျိုကိုချစ်တာလဲဆိုသည့်
သတင်းသာပြန့်သွားကြလေသည်။ပုံရိပ်မှာတော့ အမည်မသိခံစားချက်
ဖြင့်၊ သို့သော် မိုင်းဇမှမမှားပဲဒီဇာတ်လမ်းမှာသူကပဲစလမ်းခွဲခဲ့သည့်သူမို့ မိုင်းဇနှင့်ထိုက်တန်သည့်မိန်းကလေးရှိလာတော့လည်းသူပျော်ရုံသာ...အတ္တကြီးလို့မဖြစ်ဘူး။
"ပွဲစတော့မယ်"
အတွေးတွေကြား ရွာလူကြီး၏အသံကြောင့်ပြန်သတိဝင်လာလေသည်။
မိခင်ကဘာမှမဖြစ်သလိုပုံမှန်အတိုင်းနေရန်ပြောသဖြင့် သူအငြိမ့်ပွဲကိုလဲ
လာကြည့်သည်လေ။ရောက်ရောက်ချင်းရှာကြည့်တော့
မိုင်းဇမင်းရောင်အားမတွေ့ပေ။ခေါင်းဆောင်မင်းသမီးအား လူရွှင်တော်များမှ ချစ်စကားတွေ
ဖွဲ့နွဲ့ပြိုင်ဆိုင်နေကြသည်။စိတ်မပါတပါကြည့်နေရင်း အကြည့်တို့သည် ဇာတ်စင် ဘေးသို့ရောက်သွားလျှင် အလိုလိုမွန်းကျပ်လာလေသည်။
မိုင်းဇမင်းရောင်က ဒုတိယမင်းသမီး
နှင် စကားရပ်ပြောနေချင်း၊ပြောနေပုံမှာ အလွန်ကြည်နူးပျော်ရွှင်နေကြသောသမီးရည်းစားတွေ နှယ်။
"ဒီလိုသာဆို၊ငါတွေးပူပေးနေတာက
အလကားပဲပေါ့ ကောင်းပါတယ်လေ"
![](https://img.wattpad.com/cover/361202244-288-k608385.jpg)
YOU ARE READING
အညာမြေမှခေါက်ဆွဲပြုတ်
Romance(Mini story) Mine Za Min Yaung+Pone Yeik Che Hnaug Cover artist-Yeik