Chapter-20

5K 219 1
                                    

Unicode-

"မင်းတို့ဘာဆက်လုပ်ကြမလဲ"

အားလုံးစိတ်အေးအေးထားရင်း
ရှေ့ရေးအတွက် စဥ်းစားနေကြသည်။

ယခုဆိုရင် မိုင်းဇနှင့်ပုံရိပ်ဟာလဲ
တရားဝင်လက်ထပ်မထားပါသောလည်း အားလုံးကသူတို့ဘာလဲဆိုတာသိပြီးကြပြီ ဖြစ်သည်။

ပုံရိပ်စိတ်မပျော်တာကိုသူနားလည်သည်။ ဒါကိုသူဘာတက်နိုင်မလဲဆိုရင် သူ ပုံရိပ်ကို စိတ်ချမ်းသာအောင်ပြန်ထားရမှာ၊

ဖြစ်ခဲ့သမျှတွေကပြန်ပြင်လို့မရတော့တာကြောင့် ကျသွားတဲ့မျက်ရည်တွေကိုလဲ ပြန်ကောက်သိမ်းလို့မရပေ၊

မျက်ရည်ထပ်မကျဖို့ကိုပဲ သူကြိုးစားသွားမှာ....

"ငါတို့...မြို့နဲ့နီးတဲ့ရွာတစ်ရွာကိုပြောင်းနေဖို့စဥ်းစားထားတယ်၊ ဒီရွာမှာနေလို့လဲ မဖြစ်ဖူးလေကွာ"

"အေးပါ၊ငါသိပါတယ်....အားလုံးကအကြောင်းသိနေကြပြီဆိုတော့ ခက်ခဲတာပေါ့ကွာ၊ ရွာတစ်ရွာမှာဇာတ်မြုပ်နေလိုက်ကြပေါ့ အပြောင်းအရွေ့ကတော့
ငါတို့ကူညီနိုင်ပါတယ်"

သူတို့နှစ်ယောက်ဆွေးနွေးနေတုန်း
စိုင်းဇော်မောင် ၏ ခင်ပွန်းက
ရေနွေးကြမ်းအိုးလာချပေးလေကာ..

"ကိုမိုင်းဇတို့ ရွာကအိမ်နဲ့ဆိုင်ကိုရော
ဘာလုပ်မှာလဲ"

"အိမ်ကိုတော့ဒီတိုင်းသော့ခတ်ထားလိုက်မယ်၊ ဆိုင်ကပစ္စည်းတွေအကုန်လုံးကိုဒိန်းဒေါင်းနဲ့ သယ်မယ်
နေရာအတည်တကျဖြစ်သွားရင်
ဆိုင်ပြန်ဖွင့်မယ်"

"ကျွန်တော်လဲအဲ့လိုတွေးထားတယ်အကို"

"ဟင်"

ထိုစကားမှာ စိုင်းဇော်မောင် ၏ခင်ပွန်းပြောချင်းမဟုတ်ပေ။

ဘေးတွငြိမ်ကာထိုင်နေသော
ပုံရိပ်၏အပြောဖြစ်သည်။

သူ့ကိုဘယ်တုန်းကမှ မခေါ်ဖူးသည့်
အခေါ်ဝေါ်အား ခေါ်လိုက်ချင်းကြောင့်ဖြစ်သည်။

အကိုတဲ့ နားဝင်ချိုလိုက်ပုံများ...
နားထဲပျားသကာတွေလောင်း
ထည့်လိုက်သလိုပါလား.....

"အကိုတဲ့လား......စိတ်တွေပင်ပန်းပြီးလမ်းပျောက်နေတဲ့အချိန်မှာ၊
ကိုယ့်ရဲ့လမ်းပြကြယ်လေးဆီက
အကိုဆိုတဲ့ခေါ်သံက ကိုယ်အရာအားလုံးကိုကျော်ဖြတ်နိုင်အောင်
ထောက်ပံ့ပေးနေတာပဲပုံပုံ"

အညာမြေမှခေါက်ဆွဲပြုတ်Where stories live. Discover now