Chapter-10(Zawgyi)

1.4K 27 1
                                    

"အမေဘယ်ကပြန်လာတာလဲ"

ခေါက်ဆွဲပြုတ်စားနေရင်း စိတ်ပျက်လက်ပျက်ခြေလှမ်းတွေနဲ့ ခြံထဲဝင်လာသော မိခင် ကိုမြင်သည်ကြောင့်
လှမ်းမေးလိုက်ခြင်းပင်။

"ဒီလိုပါသားရယ်၊ဉီးလြှမင့်ရဲ့သားလေ
မြို့မှာကျောင်းသွားတက်တာ
အခု သူက မျိုးတူယောက်ျားကိုယူပြီးရွာပြန်ရောက်နေတယ်တဲ့၊
ဉီးလြှမင့်ရဲ့ဇနီး မအေးငယ် မှာငိုလိုက်တာ ဘယ်လောက်ရှက်စရာကောင်းလဲ"

မိခင်အပြောကြောင့် ဘာမှန်းမသိစွာသူထိတ်လန့်သွားမိသည်။

တစ်စုံတစ်ယောက်အပေါ် သူဖြစ်နေတဲ့
ခံစားချက်တွေကို သေချာပြန်စဉ်းစား
ကြည့်တော့ လောကဖြစ်ရိုးဖြစ်စဉ်တွေကိုကျော်လွန်နေတယ်။

"စဉ်းစားမနေနဲ့သားရယ်၊ဝဍ်ကြွေးပေါ့မဟုတ်ဘူးလား ခေတ်ကြီးကပျက်နေတာပဲ"

"အဲ့လိုမဟုတ်ပါဘူးအမေရယ်၊သူလဲ
ဘယ်ဖြစ်ချင်ပါ့မလဲ ချစ်မိသွားတော့လဲ ပြန်ပြင်လို့မှမရတာ၊ဖြစ်ပြီးသွားတာတွေအတွက် မိဘတွေကနားလည်ပေးရမှာပေါ့"

"သားရယ်၊မိန်းမပျက်တစ်ယောက်ကို
ယူလာတယ်ဆိုရင်တောင် သူ့မိဘတွေကခံသာပါသေးတယ်တဲ့၊အမေပြန်လာတော့ရွာထဲကလူတွေကလဲအတင်းတွေပြောနေကြတာ သားရယ်၊အခြောက်မိဘတွေတဲ့ သနားဖို့ကောင်းလိုက်တာတဲ့လေ ဉီးလြှမင့်တို့လင်မယားနေရာမှာ
အမေသာဆိုလဲသေသွားမလားပဲ"

"ကိုယ်နဲ့လဲမဆိုင်ပဲထားလိုက်ပါအမေရယ်"

"အင်းအင်း၊အမေ ခဏလောက်နေပြီး
ရေမိုးချိုးတော့မယ် သားလဲစားပြီးရင်
ရေတန်းမချိုးနဲ့နော်"

"ဟုတ်"

မိခင်အိမ်ထဲဝင်သွားသည်ကိုကြည့်နေရင်းဖြင့် စိတ်ထဲလဲမကောင်းတော့ပေ။

ချစ်ရတာအဲ့လောက်ခက်သလား။

သူသာယောက်ျားတစ်ယောက်ကိုချစ်မိသွားရင်အမေ ဘယ်လိုများနေမလဲ။

"ငါမတွေးထားခဲ့တဲ့ ၊ကိစ္စတွေပဲ"

"ဘာတွေတွေးနေတာလဲပုံပုံ"

မိမိအတွေးထဲဝင်ရောက်လာသော
ရင်းနှီးနေသောအသံ​။

မပြတ်မသားဖြစ်အောင်မလုပ်ချင်တော့ဘူး။

အညာမြေမှခေါက်ဆွဲပြုတ်Where stories live. Discover now