Unicode-
"ပုံရိပ်ချည်နှောင်၊ဒင်း မြို့ကပြန်ရောက်ထဲက အဲ့ခေါက်ဆွဲထုပ်တွေကိုပဲ
နေ့တိုင်းပြုတ်စားနေတာ ဟိုဘက်ရွာက
လှထွန်းအောင် ရဲ့ညီမလေးဆို ၊
အဲ့ခေါက်ဆွဲတွေကိုစားလို့ဆံပင်မွေးတွေကျွတ်ကုန်လို့ အခုဆိုခပ်ပါးပါးပဲ
ရှိတော့တယ်လို့ကြားတယ်"မန္တလေး မြို့ပိုင်၊ရွာငယ်လေးတစ်ခုတွင်
ဖြစ်သည်။ပျဥ်ထောင်နှစ်ထပ်အိမ် ၏အောက်ထပ်
မီးဖိုဆောင်တွင် ရေနွေးပူပူအား
ယန်ယန်ခေါက်ဆွဲနှစ်ထုပ်ထည့်ကာ
ပြုတ်နေသော ပုံရိပ်ချည်နှောင်
ဆိုသည့် ကောင်ကလေးမှာ မိခင်ဒေါ်
ရိပ်နှောင်းခိုင် ၏အပြောအားကြားသည်နှင့် မီးများရန်အပေါက်ပါသော ဝါးလုံးအားမှုတ်နေရင်းမှ"အမေရယ်၊မြို့ကအလုပ်သမတွေဆို
ဟင်းရယ်တောင်ချက်မစားတော့ပဲ
ခေါက်ဆွဲပြုတ်ကိုသွားလေရာသယ်သွားတဲ့ ခတ်မှာ သားဒါလေးစားတာဘာမှမဖြစ်ပါဘူး"သေးသွယ်သောခန္ဓာကိုယ်လေးနှင့်
ပုံရိပ်ချည်နှောင် သည် မြို့တွင်ကျောင်းတက်ပြီး ပြန်သာသည်မှာ၁ပတ်ပင်
မပြည့်သေးပေ။ဒေါ်ရိပ်နှောင်းခိုင် သည် မြို့ကြီးပြကြီး၏ လုပ်သမျှကိစ္စများအား အားကျကာ လိုက်လုပ်နေသော
သူမ၏တစ်ဦးတည်သောသားအား
မငြိုငြင်ရက်ပေ ကလေးမှာငယ်စဥ်ကထဲ ကဖခင်ဆုံးရှာပြီး မိခင်နှင့်သာ
လုပ်ကိုင်စားသောက်ရင်း တစ်ဖက်ကလဲကျောင်းတက်စာကြိုးစားပေးရှာသည်။ဒေါ်ရိပ်နှောင်းခိုင် မှာခါးထောက်လိုက်ရင်းဖြင့်
"ဟဲ့တူမလား၊ဟိုကအဲ့တာတွေကို
စားနေကျလေ ဘာဖြစ်မလဲ ဟိုကမြို့သူမြို့သားတွေ ၊မင်းကဒီရွာမှာမွေး
ရွာစာ စားလာတာလေ ""စားကောင်းတယ် အမေရဲ့၊စားမလား"
"တော်ပါအေ၊ ကျုပ်ဖြင့်မကြိုက်ပေါင်
အနံ့ရတာနဲ့တင် အော့အန်ချင်နေပြီ""စားလဲမစားကြည့်ပဲနဲ့၊ဒါကိုလေဟော့ဒီလိုကြက်ဥကလေးဖောက်ထည့်ပြီးစားရင်သိပ်သိပ်စားလို့ကောင်း"
ပြောရင်း စတီးဇလုံထဲသို့ကြက်ဥတစ်လုံးဖောက်ထည့်လိုက်လေသည်။
YOU ARE READING
အညာမြေမှခေါက်ဆွဲပြုတ်
Romance(Mini story) Mine Za Min Yaung+Pone Yeik Che Hnaug Cover artist- Yeik