Chapter-7

6.1K 303 10
                                    

Unicode-

"အမေသားအိမ်မှာပဲလိုက်အိပ်မယ်လေနော်"

"အရှင်ဘုရား...ဒကာမလို့ခေါ်ပါ"

"အာ..ဟုတ်သား ဒကာမကြီးဘုရား
အား.....ဘယ်လိုကြီးမှန်လဲမသိဘူး"

သူမှာတစ်ခါမှ ဘုန်းကြီးမဝတ်ဖူးပေ။
ဒါကပထမအကြိမ်ဖြစ်တာကြောင့်
နေရထိုင်ရတစ်မျိုးဖြစ်နေသည်မှာ
အမှန်။

"အိမ်မှာလိုက်အိပ်လို့မရဘူးလား"

"မရပါဘူးဘုရား၊ကျောင်းမှာပဲသတင်းသုံးတော်မူပါ"

"သရဲကြောက်တယ်လို့"
______________________________

ညဘက်ရောက်ချိန်တွင် သံဃာတော်များကတရားထိုင်နေကြလေသည်။

သူမှာတော့ တရားထိုင်နေရင်း
ဟိုဘက်ကအသံကျွတ်ကျွတ်ကြားလိုက်အာရုံပျက်လိုက်၊ ဆိုးတာက
သူသည် ထိုင်ရက်ဖြင့်မျက်လုံးမှိတ်နေလျှင်ခေါင်းအလွန်မူးတက်လေသည်။

ဘေးရှိဦးဇင်းပေါက်စသည် တရားထိုင်နေရင်းအိပ်ငိုက်နေလေသည်။

သူ့မှာအိပ်ငိုက်လို့မရပဲခေါင်းမူနေလေသည်။ ဒီပုံစံနဲ့တရားဘယ်လိုရမလဲ

ငါအကုသိုလ်ကြီးလိုက်တာ။

"အဟမ်း...ဦးဇင်းလေး မျက်လုံးကိုအရမ်းကိုမမှိတ်ထားပဲ ဖွဖွလေးပိတ်ပြီး
စိတ်အေးအေးနဲ့ ဘုရားစာရွတ်နေပါ"

ကျောင်းထိုင်ဘုန်းကြီးကသူ့နားလာကာ
တိုတိုပြောသောကြောင့်
ထိုနည်းအတိုင်းလုပ်ကြည့်တော့
ခေါင်းသိပ်မမူးတော့ပေ။
အစက တရားစာမရွတ်ပဲဒီတိုင်း
မျက်လုံးအသေမှိတ်ထားမိသော
ကြောင့် မူးနေချင်းပင်။

တရားထိုင်ရင်းဈာန်ရသွားပုံပေါ်သည်
သူမျက်လုံးဖွင့်ကြည့်တော့
ဘုန်းကြီးတစ်ပါးစနှစ်ပါးစလောက်သာ
ရှိတော့သည်။

ဘေးကိုကြည့်လိုက်တော့ အိပ်ငိုက်နေသည့် ဦးဇင်းပေါက်စမရှိတော့။

ထိုကြောင့်မိမိအားနေရာချပေးထား
သည့် ကျောင်းဆောင်သို့သာ
ဟိုကြည့်ဒီကြည့်ဖြင့်လျှောက်လာတော့သည်။

ကံဆိုးသည်လားကောင်းသည်လားမသိ
မိမိကျောင်းဆောင်တွင် မိမိတစ်ယောက်ထဲသာရှိပြီး ၊
ဘေးအဆောင်များတွင် တစ်ခန်းကို
နှစ်ယောက်ရှိနေသည်။

အညာမြေမှခေါက်ဆွဲပြုတ်Where stories live. Discover now