Unicode-
"ကိုကြီးမိုင်း...သားကို သကြားလုံးငါးဆယ်ဖိုးလောက်"
"ငါးဆယ်ဖိုး၆လုံးပဲရမှာနော်၊"
"အရင်က၈လုံးမဟုတ်ဘူးလားကိုကြီးကလဲ"
"ဟေ့ကောင်၊အရင်ကနဲ့အခုတူလား
မင်းတောင် အရပ်၁လက်မပိုရှည်လာပြီလေ ""တော်ပြီဗျာ၆လုံးဆိုလဲ၆လုံးပေးရော့၊ငါးဆယ်"
ဆိုကာဆူပုတ်ပုတ်ဖြင့်ငါးဆယ်တန်
တစ်ရွက်ပေးလာသည်။"ရော့ ၆လုံး၊ကျန်းမာရေးနဲ့မညီညွှန့်လို့
အလုံးရေလျော့ပေးတာကွ၊စေတနာကိုနားမလည်ဘူး သွားသွား"ကောင်လေးမှာ လှည့်ကြည့်လှည့်ကြည့်နှင့်ပြန်သွားလေသည်။
ကျန်ခဲ့သည့် မိုင်း မှာတော့ ငါးဆယ်တန်အားကိုင်ရင်း
"ကလေးတွေများ၊အများကြီးစားရင်ချောင်းဆိုးမှာဆိုးလို့ အလုံးလျော့ပေးလဲနားမလည်ကြဘူး၊သူတို့ချောင်းဆိုးပြီးသေရင်ငါကအမူပတ်အုံးမယ်"
_______________________
လက်ပံပင်ကြီးအောက်တွင်ထိုင်နေသော ပုံရိပ်ချည်နှောင်တစ်ယောက်
မိမိ၏ခေါက်ဆွဲထုပ်များကုန်ခါနီးနေပြီဖြစ်၍ စိတ်ညစ်နေလေသည်။တစ်နေ့နှစ်ထုပ်နှုန်းဖြင့်စားလာသောကြောင့် တစ်လမခံပေ။
"အမေ၊ရွာမှာခေါက်ဆွဲထုပ်ရောင်းတဲ့ဆိုင်ရှိလား"
မီးဖိုချောင်ထဲက မိခင်အားလှမ်းအော်မေးလိုက်တော့
"မင်းနှယ် အပြင်လေးဘာလေးမထွက်တော့ရွာအကြောင်းဘာမှမသိဘူး၊
ခေါက်ဆွဲထုပ်တော့မသိဘူးခေါက်ဆွဲသုပ်တော့ရှိတယ် ၊ရွာလယ်က
ဒေါ်ချစ်အေး ဆီမှာလေ""ဟာ..အမေရာ ခေါက်ဆွဲသုပ်ကြီးသားကဘာလုပ်ရမှာလဲ"
"ဟဲ့...အော် မင်းစားနေကျခေါက်ဆွဲပြုတ်ထက်တော့ ကျန်းမာရေးနဲ့ညီညွှန့်တယ်သိလား၊ မြို့မှာတစ်နှစ်လောက်
ကျောင်းထားလိုက်ပါတယ် အကျင့်တွေက ""မရှိရင်လဲ မစားတော့ပါဘူးဗျာ၊
ရွာထဲသွားကြည့်အုံးမယ်""အေးအေး၊နေပူတယ် အမေ့ခမောက်စောင်းသွား၊"
![](https://img.wattpad.com/cover/361202244-288-k608385.jpg)
YOU ARE READING
အညာမြေမှခေါက်ဆွဲပြုတ်
Romance(Mini story) Mine Za Min Yaung+Pone Yeik Che Hnaug Cover artist-Yeik