Chapter-16

3K 155 0
                                    

Unicode-

"အရှက်မရှိတဲ့အကောင်"

ညသည် အချိန်ခဏလေးအတွင်မှာပင်
ပြောင်းလဲသွားတော့သည်။

နားမလည်မူနှင့်အံ့သြစွာ အရိုက်ခံလိုက်ရသောပါးအား ကိုင်ရင်း
ပုံရိပ် မိခင်အားကြည့်နေမိသည်။

ဒေါ်ရိပ်နှောင်းခိုင်မှာ ဒေါသအလွန်ထွက်နေဟန်ရှိလှသည်။

"ငါရှက်လိုက်တာဟယ်၊ငါအတန်တန်​တွေပူးနေတာ အခုနင်ကငါပူတာထက်ကို ပိုလောင်အောင်လုပ်လိုက်တာလားဟမ်၊ မိန်းကလေးတောင်မဟုတ်ပဲ
ယောက်ျားကိုတဲ့ နင်ငါတို့မျိုးရိုးကို
သိက္ခာချတဲ့ကောင်"

"အ... အမေ"

"မခေါ်နဲ့ နင့်လို့ကောင်ကိုငါသားမတော်ဘူး"

"ဒေါ်ဒေါ် ကျွန်တော်တို့က'

"မင်း တိတ်စမ်း ၊မင်းတို့မှာစဥ်းစား
ဥာဏ်ကအဲ့လောက်နည်းကြတာလား
မင်းတို့ကယောက်ျားတွေသိရဲ့လား"

"ဒါအတွက် ကျွန်တော်တောင်းပန်ပါတယ်ဒေါ်ဒေါ်ရယ်"

"အဟင့်.....ငါလေစိတ်ဆင်းရဲလိုက်တာ၊
ဒီညအခုလိုဆိုမနက်ရောက်ရင်
သတင်းတွေပြန့်သွားတော့မှာ၊
ငါသေသာသေလိုက်ချင်တော့တယ်"

"မငိုနဲ့ အမေရယ်၊သား....သားတောင်းပန်ပါတယ်"

"တောင်းပန်တယ်၊ နင်တောင်းပန်တော့
ဘာဖြစ်သွားမှာလဲဟမ်"

ဒေါ်ရိပ်နှောင်းခိုင်းမှာ မြေကြီးပေါ်ထိုင်ချရင်း ငိုယိုနေသော်ကြောင့်
ပုံရိပ်မှာ လည်း မျက်ရည်များကျလာလေပြီ။

မိဘကိုမျက်ရည်ကျအောင်လုပ်တဲ့
သားသမီး ဖြစ်နေပြီဆိုတဲ့အသိနှင့်အတူ

ဖခင်မရှိတော့ထဲက မိခင်မှာ တစ်ယောက်ထဲသူ့ကိုလုပ်ကိုင်ကျွေးမွေးလာခဲ့တာ။

ယှဥ်စရာတွေရှိလာလို့ဘာကိုရွေးမလဲဆိုရင် သူမိခင်ကိုပဲရွေးမိမှာ....

"သား....သားတို့မပတ်သက်တော့ရင်
ပတ်ဝန်းကျင်လဲဘာမှအများကြီး
ပြောတော့မှာမဟုတ်ပါဘူး၊
ဟုတ်တယ်မလား"

"ပုံ....ပုံပုံ"

"ဟုတ်တယ်၊ ကိုမိုင်းဇ ကျွန်တော်တို့ရဲ့မှားယွင်းမူကြောင့် အမေ့ကို မထိခိုက်စေချင်ဘူး...ဒါကြောင့်"

အညာမြေမှခေါက်ဆွဲပြုတ်Where stories live. Discover now