Chapter-9(Unicode)

4.3K 214 13
                                    

"အဲ့လိုဆို၊ ကိုကြီးပုံရိပ် ဘုန်းကြီးသရဲခြောက်ခံလိုက်ရတာပေါ့"

"အေးပေါ့"

"ကြောက်လားဟင်"

"ကြောက်တာပေါ့ကွာ၊တော်သေးတယ်
ညတွင်းချင်းမသိလို့ သိများသိရင်ငါသေနေလောက်ပြီ"

လူထွက်ပြီးသုံး၊လေးရက်ရှိနေပြီဖြစ်သည်။ ရွာထဲမှကလေးတစ်သိုက်သည် မိမိဆီသို့လာ၍စပ်စုတော်မူနေကြလေသည်။

လက်ပံပင်အောက်ရှိကွပ်ပျစ်ပေါ်တွင်
ပုံရိပ်ချည်နှောင်ရယ် သံချောင်းနှင့်ကျောက်ခဲညီအကိုနှစ်ကောင်၊ထူးထူး
နှင့် ဂူးဂူးဆိုသောအမွှာမောင်နှမနှစ်ယောက်ရယ်အလည်တွင် အကြမ်းအိုးတစ်လုံးနှင့်လက်ဖက်သုပ်ပန်းကန်တစ်ချက်၊

ထိုစဥ် ထိုထဲတစ်ဦးတည်သောမိန်းကလေးဖြစ်သော ဂူးဂူး ဆိုသည့်
၁၃နှစ်သမီးလေးမှသူ့အားစကားစလာပြန်သည်။

"ကိုကြီးပုံရိပ်၊အဲ့ဘုန်းကြီးကဘာလို့ကိုကြီးကိုလာခြောက်တာလဲဟင်"

"ခြောက်တယ်ရယ်လဲမဟုတ်ပါဘူး၊
သူ့အကြောင်းနဲ့သူ စွဲလမ်းတဲ့နေရာမှာရှိနေတာ ပုံပုံ့ကိုလဲဘာမှမလုပ်သွားဘူးမလား"

ထိုစကားအားခြံဝိုင်းထဲသို့ဝင်လာသော
မိုင်းဇမင်းရောင်မှပြောလိုက်ခြင်းပင်။

"ကိုကြီးမိုင်းဇ သမီးတို့ကိုသရဲအကြောင်းပြောပြမလား"

"ဒါပေါ့၊ပြောပြမယ်လေ"

"ယေး၊နားထောင်ရတော့မယ်"

ပြီတီတီမျက်နှာထားဖြင့်လက်နောက်ပြစ်ရင်းလျှောက်လာသော
မိုင်းဇမင်းရောင် အား ပုံရိပ်ချည်နှောင်
မျက်စောင်းထိုးလိုက်တော့သည်။

"အားအားယားယား၊ဒီအိမ်ပဲလာနေတယ်အလုပ်အကိုင်မရှိဘူးထင်တယ်"

"ပုံပုံကလေ ၊ကိုယ်လာပြီဆိုအမြဲ
ဘုကလန့်တွေပဲပြောနေတာ"

"ခင်ဗျားကိုသိပ်ကြည်နေတယ်များမှတ်နေလား၊"

"ဘာလုပ်မိလို့လဲဗျာ"

အညာမြေမှခေါက်ဆွဲပြုတ်Where stories live. Discover now