အချစ်၊ခံစားချက်တွေအမျိုးမျိုးကို
ဖော်ပြထားတဲ့အချစ်။"ကိုယ်မြို့သွားတုန်းကဂစ်တာလေးတစ်လုံးဝယ်လာတယ်၊ညကျရင်
ကိုယ် လာခဲ့လို့ရလားပုံပုံ"ချစ်ရသူ၏မျက်နှာလေးကိုကြည့်ရင်း
သူခွင့်တောင်းဟန်ပြောလိုက်မိသည်။ပုံပုံကအဝေးကိုကြည့်နေရင်းမှ
လှည့်လာပြီးရယ်ပြလေသည်။နွေရာသီရဲ့လေပြေလေးကရိပ်ခနဲ
တိုက်လာလေသည်။မိုင်းဇရဲ့အမြင်တွေဟာနှေးသွားခဲ့ပြီ။
စိတ်လိုလက်ရပြုံးနေသည့် ကလေးငယ်
ကြောင့်၊"ရတယ်လေ၊သီချင်းဆိုပြမှာလား"
"အင်း ဆိုပြချင်လို့"
"ကောင်းတာပေါ့၊ညဘက်ဆိုအရမ်းပျင်းတာ လာခဲ့လေ ဒီညလပြည့်ည
မလား""အင်း၊ကိုယ်အခုပြန်တော့မယ်
ညလာခဲ့မယ်နော်""ကွပ်ပျစ်ပေါ်မှာပဲစောင့်နေမယ်ဗျ"
"ဟုတ်ပါပြီဗျာ"
မိုင်းဇမင်းရောင်ပြန်သွားပြီနောက်ပုံရိပ်၏အမေမှာ သူ့ညီမရဲ့သမီး
မင်္ဂလာဆောင်အတွက် ဟင်းသွားချက်ပေးရမည်ဟူဆိုကာ"အမေညပြန်မလာဘူးနော်၊သားအိပ်ရဲလား မအိပ်ရဲရင် မောင်မိုင်းဇကို
အမေသွားရင် ညလာအိပ်ပေးဖို့
ပြောလိုက်မယ်လေ၊ ခုန ကလာတာပြောဖို့အမေ မေ့သွားတယ်""ရတယ်အမေ၊ကျွန်တော်အိပ်ရဲပါတယ်"
"မဖြစ်သေးပါဘူး အမေဝင်ပြောခဲ့မယ်၊
သွားပြီနော် အိမ်တံခါးသေချာပိတ်အိပ်""ဟုတ်"
_______________________________အချိန်ကားညခုနှစ်နာရီ၊
လပြည့်နေမို့ ကောင်းကင်ရှိ လမင်းကြီး
ကဝိုင်းစက်လို့နေပြီး ပတ်ဝန်းကျင်ကို
အလင်းရောင်ဖြာကျစေသည်။နွေညဆိုသော်လည်း တစ်ချက်တစ်ချက် လေအေးလေးများတိုက်ခက်
သောကြောင့် ကြွေကျလာတဲ့လက်ပံ
ပွင့်တွေကိုကြည့်ရင်း
တစ်စုံတစ်ယောက်အလာကိုစောင့်နေမိသည်။"မေ့နေတာများလား"
အတွေးတို့နှင့်အတူ ဝမ်းနည်းမူက
တစ်ပြိုင်နက်ဖြစ်တည်လာသည်။
YOU ARE READING
အညာမြေမှခေါက်ဆွဲပြုတ်
Romance(Mini story) Mine Za Min Yaung+Pone Yeik Che Hnaug Cover artist- Yeik