Chapter-22(Final)

6.1K 179 4
                                    

Unicode-

"ပုံပုံ.....ကိုယ်မင်းကို၊ နေရာတစ်ခုခေါ်သွားချင်တယ်"

မြို့ကဝယ်လာသော ရှပ်အင်္ကျီအဖြူနှင့်ပုဆိုးအနီရောင် အား သူတို့နှစ်ဦးဆင်တူဝတ်ထားကြလေသည်။

ဒီနေ့ဟာသူတို့ ချစ်သူသက်တမ်း၊
ဒါမှမဟုတ် အိမ်ထောင်သက်တမ်း
၃နှစ်ပြည့်ပင်ဖြစ်သည်။

"ဘယ်ကိုလဲ၊လိုက်မှာပေါ့"

"အဟား....ကိုယ်ဂစ်တာသွားယူအုံးမယ်"

_________________________________

"တောပန်းတွေအများကြီးပဲ၊ ဒီနေရာကိုကျွန်တော် အခုမှတွေ့တာ"

"အင်း....အခုမှတွေ့တာပေါ့၊ပုံပုံကအိမ်ထဲကအိမ်ပြင်မှသိပ်မထွက်ပဲ"

"ဟီးဟီး"

အမှန်ပင်နေရာလေးမှာ တောပန်းလေးများပေါက်နေသော ​နေရာကျယ်တစ်ခုပင်၊ ရွာပြင်မှာရှိသဖြင့် လူတွေတော့သိပ်မရှိ......

"ကိုယ်သီချင်းမဆိုပြရတာကြာပြီဆိုတော့၊ကိုယ်ပုံပုံအတွက် သီချင်းဆိုပြမယ်"

"ဟုတ်"

"ရော့.....ဒါလေးပန်ထား"°-°

ပြောရင်း နားကြားထဲသို့ ပန်းထိုးပေးလာသည်။

"ရောင်ရောင်......ဘာပန်းကြီးလဲ"

"နှင်းဆီပန်းလေ....လမ်းမှာ တွေ့တဲ့အိမ်ရှေ့ကခူးလာတာ"

"ဟာ"

"ပန်ထားပါပုံပုံရဲ့လှတယ်"

"ပြီးရော"

"ကဲ ကိုယ့်ပါးဖောင်းလေးကို ၊ဒီယောက်ျားကသီချင်းဆိုပြပါတော့မယ်"

"အားပေးပါတယ်၊ဖြောင်းဖြောင်း!"

ဂစ်တာကြိုးကိုစိတ်ရှည်လက်ရှည်ညှိ့ပြီးနောက်....

"~သူပန်ထားတဲ့ပန်းနီနီ........နေရာ ခဏလဲချင်သည်၊ ကြင်နာသူလေးလှဖို့
အစွမ်းကုန် ကြိုးစားမည် ၊
ရင်မှာဒီလောက်ချစ်ပါသည်...သူပျော်တော့အမြဲတွေ့ချင်သည်.....
သူ့အရိပ်အဖြစ်အမြဲရှိနေတက်ပြီ၊
သူဆင်မြန်းတဲ့ဖိနပ်နီနီ.....နေရာခဏလဲချင်သည်၊ ကြင်နာသူလေး ခလုတ်မထိဖို့ ကိုယ်ကြိုး...စားမည်၊ ရင်မှာဒီလောက်ချစ်ပါသည်.....ဘာမဆိုကိုယ်အဆုံးရှုံခံမည်...အလှမ်းဝေးတဲ့ပန်းကလေးမြနှင်းဆီ........"

အညာမြေမှခေါက်ဆွဲပြုတ်Where stories live. Discover now