Chapter-4

7.6K 354 8
                                    

Unicode-

"သားရေ...အိမ်ရှေ့မှာမောင် မိုင်းဇရောက်နေတယ် မင်းနဲ့တွေ့ချင်လို့တဲ့"

ဘုရားခန်းရှေ့တွင်အိပ်ရန်ပြင်ဆင်နေသောပုံရိပ်ချည်နှောင် အိမ်ရှေ့မှအမေ၏အသံကြောင့် ထွက်ကြည့်လိုက်လျှင် ကြွပ်ကြွပ်အိတ်အမဲကြီးတစ်လုံးကိုကိုင်ရင်း လက်ပံပင်အောက်တွင်ထိုင်ကာ သူ၏အမေဖြစ်သူနှင့်စကား
ထိုင်ပြောနေလေသည်။

"အိမ်လာလည်ရအောင် သူနဲ့ငါကဘယ်လောက်ရင်းနှီးနေလို့လဲ"

"ဟော လာပါပြီကွယ်၊ကလေးတွေစကားပြောနှင့်ကြနော် အမေထမင်းအိုးသွားငှဲ့လိုက်အုံးမယ်"

"ဟုတ်ကဲ့၊ဒေါ်ဒေါ် အေးဆေးသွားပါဗျ"

အမေထွက်သွားပြီးသောပုံရိပ်ချည်နှောင်တစ်ယောက် ကွပ်ပျစ်ပေါ်တက်ထိုင်လိုက်ရင်း..

"ဘာကိစ္စလာတာလဲ၊"

"ဘာကိစ္စဟုတ်လား၊မင်းငါ့ကိုအကြွေး
၃၅၀ပေးရအုံးမယ်လေ"

ဟုတ်သား သူမေ့နေတာ ဒါကိုဒီလူကြီးကအိမ်ထိအကြွေးလိုက်တောင်းတယ်တဲ့လား။

"လာပေးမှာပေါ့ အိမ်ထိလာတောင်းနေတယ်ခဏစောင့်သွားယူပေးမယ်"

မိမိအားငေါက်ရင်းအိမ်ထဲပြန်ဝင်သွားသောဟာလေးကြောင့်

အကြွေးယူသည်မှာသူလားကိုယ်လား
မသဲကွဲတော့ပေ။

ခဏအကြာတွင် ပိုက်ဆံလိပ်လေးကိုင်လာကာ ထွက်လာသောကောင်လေး။

"ရော့ဒီမှာ..၃၅၀အပိုအလိုမရှိ၊သွားသွားပြန်တော့"

"ဟနေပါအုံးကွ"

"ဘာလဲဘာအကြွေးမှမရှိတော့ဘူးလေ"

"အကြွေးမဟုတ်ဘူး၊ဒီမှာ မင်းမှာထားတဲ့ခေါက်ဆွဲထုပ်တွေ"

ပြောရင်းကိုင်ထားသော ကြွပ်ကြွပ်အိတ်အမဲလေးအား ပုံရိပ်ချည်နှောင်ထံသို့ ပို့ပေးလာသည်။

"ဟိုနေ့ကပြောတော့မရှိဘူးဆို"

"ဟုတ်တယ်လေ၊မနေ့ကမြို့တက်တုန်း
ဝယ်လာတာ"

"ဘယ်လောက်လဲ"

အိတ်ကလေးကိုဖွင့်ရင်းဈေးမေးနေပုံမှာတစ်ကယ်စွာစိလန်ကလေးပေါက်စလေးနှယ်မို့ စူထောနေသောနှုတ်ခမ်းလေးအား ဆွဲချင်စိတ်တွေကတစ်အား။

အညာမြေမှခေါက်ဆွဲပြုတ်Where stories live. Discover now