Unicode-
"ကိုယ်မင်းကိုချစ်တယ်၊ပုံပုံ"
"ဟင့်အင်း ပြန်တော့၊ဒါကိုမဖြစ်ခဲ့သလိုသဘောထားပေးမယ်"
"မပြန်နိုင်ဘူး၊မင်းကြောက်နေတာကိုယ်သိတယ် ၊လူတိုင်းကို အကဲမခတ်တက်ဘူးပုံပုံ"
"........"
"ဒါပေမယ့်...ကိုယ့်ချစ်ရသူ ဘာဖြစ်နေလဲကိုတော့ ကိုယ်သိပါတယ်"
"ဘာဖြစ်ရမှာလဲ၊ခင်ဗျားကရူးနေတာလား ယောက်ျားချင်းကိုဘယ်လို
ချစ်နိုင်မှာလဲ၊ဒါကိုနောက်နေတာလို့
ဝန်ခံစမ်းပါ"လက်ပံပင်ကြီးအောက်ကသူတို့
နှစ်ယောက်..
သူပြောလိုက်ရင် ဒီလိုတုန့်ပြန်လာမှာ
ကြိုသိသော်လည်း ဒီတိုင်းဆက်သွားနေလို့မှမရတာ။"ကိုယ် ဝန်ခံတယ်၊ကိုယ်မင်းကိုချစ်တယ်ဆိုတာ ကိုယ်.....ဝန်ခံတယ်"
"မနောက်နဲ့ဗျာ၊မပြန်ရင်လဲအိပ်ပါတော့"
"ပုံရိပ်ချည်နှောင်....ငါမင်းကိုနောက်နေတဲ့ပုံစံဖြစ်နေလို့လား၊ငါ့မျက်နှာပေါ်မှာ
မင်းကိုနောက်နေပါတယ်ဆိုတဲ့အရိပ်ယောင်တွေမြင်နေရလို့လား"ပြောပြီးနောက် ပုံရိပ်ချည်နှောင် ထံမှ
သူ့ဆီသို့ကျရောက်လာသော
နားမလည်နိုင်သည့်အကြည့်များ။"ကျွန်တော်တို့ကဖြစ်နိုင်တယ်ထင်နေတာလား၊နောက်ဆက်တွဲပြဿနာတွေအတွက်လေ"
"မဖြစ်နိုင်ဘူးလေ၊အားလုံးကန့်ကွက်ကြမှာ သိသာနေတာပဲ၊ဒါနဲ့ပဲ ကိုယ်ကမင်းကိုချစ်နေခဲ့တာကို အချစ်ဦးဇာတ်လမ်းအဖြစ် သိမ်းထားလိုက်ရတော့မှာလား"
"အင်း"
"မင်းက နာမည်အတိုင်း ကိုယ့်ရဲ့အရိပ်နဲ့ခန္ဓာ ကို မင်းကပဲချည်နှောင်ထားတာ
ပုံပုံ၊ ကိုယ့်အတွေးထဲနှလုံးသားထဲအထိ
တောင် မင်းက တင်းတင်းကျပ်ကျပ်
ချည်နှောင်ထားတာ""ခင်ဗျား....ငိုနေတာလား"
"ကိုယ်မငိုပါဘူး"
"ခင်ဗျားမျက်ရည်ကျနေတာက"
"အိပ်ကြရအောင်၊ဒီညပူတယ်ဒီကွပ်ပျစ်ပေါ်မှာပဲအိပ်ကြတာပေါ့"
YOU ARE READING
အညာမြေမှခေါက်ဆွဲပြုတ်
Romance(Mini story) Mine Za Min Yaung+Pone Yeik Che Hnaug Cover artist- Yeik