Chapter-3

5.7K 311 11
                                    

Unicode-

"တစ်ကယ်ပါပဲ လူ့ဂွစာနဲ့ရန်ဖြစ်ရတာ၊
ခေါက်ဆွဲထုပ်ရှိလားမေးဖို့တောင်မေ့သွားတယ်"

မိမိခြံဝရောက်မှသတိရသောကြောင့်
မိုင်းဇမင်းရောင် ဟူသော လူ့ဂွစာ
အား မေတ္တာပို့ရင်းဝင်လာလိုက်သည်။

လက်ပံပင်အောက်ရှိကွပ်ပျစ်တွင်ထိုင်နေသော ဒေါ်ရိပ်နှောင်းခိုင် သားဖြစ်သူ၏ ပွစိပွစိဖြင့် ခြံထဲဝင်လာသည်ကို
တွေ့သောအခါ....

"ဟဲ့ကောင်လေး၊ဘာဖြစ်လာတာလဲ၊
မင်းနှယ်ရွာထဲသွားတာမြန်လိုက်တာ
အမေဝယ်ခိုင်းတာရောပါလာရဲ့လား"

"ပါလာတယ်အမေ၊အမေဝယ်ခိုင်းတာဝယ်ပြီးပြန်လာတာ"

"ဒါဆိုကြာနေတာပေါ့"

"အမေ့ကိုပြောအုံးမယ်"

မိမိမေးသည်ကိုပြန်မဖြေပဲ ကွပ်ပျစ်ပေါ်သို့တက်လာသော် ကလေးကြောင့်

"ဘာပြောမလို့လဲ၊မင်းနှယ်"

"အဲ့ ကုန်ဆုံဆိုင်ကမိုင်းဇမင်းရောင်ဆိုတဲ့လူကြီးက တော်တော်ဂွကျကျလူနော်"

"ဒါပုံမှန်ပါပဲသားရယ်၊မင်းကရွာမှာရှိတုန်းကလဲအပြင်သိပ်မထွက်လို့မသိတာ....မိုင်းဇမင်းရောင် တို့ကမျိုးနဲ့ရိုးနဲ့
စီးပိုးလာတာအေ့"

"ဟွန့် သားတော့ကြည့်မရတော့ဘူး၊"

"နေပါစေသားရယ်၊ကိုယ်လုပ်မှကိုယ်စားရတဲ့ခေတ်ကြီးမှာ သူလည်း
သူ့အလုပ်သူလုပ်နေတာပဲ"

"တော်ပါပြီအမေရာ၊သားဗိုက်ဆာနေပြီ"

"သွားစားလေးသားလေး၊အဲ့မှာကွယ်
ခြံထဲကဘူးညွှန့်လေးတွေဖြတ်ပြီး
ချဥ်ဟင်းလေးလုပ်ထားပေးတယ်၊
သားကြိုက်တဲ့ကြက်သားမွကြော်လေးနဲ့
ငပိထောင်းလေးလဲ ရှိတယ် သွားစားချေ"

"အမေကအကောင်းဆုံး၊ အဝစားပြီးရင်
ထန်းလျှက်ခဲလေးကိုက်ပြီး အိပ်အုံးမယ်"

"စားပါရှင်၊စားပါ"

ခမောက်တောင်မချွတ်ပဲအိမ်ထဲပြေးဝင်သွားသော သားဖြစ်သူအားသူမအချစ်ပိုရပေသည်။

"ငါ့သားလေးမတော်တရော်တွေနဲ့တွေ့ရင်ဘယ်လိုလုပ်မလဲ"

မိမိ၏လွန်နေသော အတွေးအား
ဖျောက်လိုက်ပြီးနောက်
ရွာထဲသွားရန်ထလိုက်လေတော့သည်။

အညာမြေမှခေါက်ဆွဲပြုတ်Where stories live. Discover now