Chapter-18

3.2K 158 3
                                    

Unicode-

ဇာတ်ပွဲနောက်ဆုံးနေ့ဖြစ်သည်။

နောက်ဆုံးဆိုသည့်အတိုင်း အားလုံးက
လာကြည့်ကြသည်၊နောက်ဆုံးနေ့မှလာကြည့်မည်ဟုဆုံးဖြတ်ထားကြသော
သူများပါရှိနေသဖြင့် ပွဲတွင်လူများ
ကြိတ်ကြိတ်တိုးနေလေသည်။

"ကိုကြီးပုံရိပ်၊ဇာတ်ရုံအပြင်ဘက်မှာကိုကြီးမိုင်းဇခေါ်နေတယ်"

ကလေးတစ်ယောက်၏အပြောကြောင့်
အပေါ့သွားမည်ဟု ခွင့်တောင်းရင်း
ထွက်ခဲ့လိုက်သည်၊

ဇာတ်စင်ပေါ်မှ အသံဟာလဲဆူညံလို့နေသည်။

ဇာတ်ရုံအပြင်ဘက်ထွက်လာတော့
မုန့်ဈေးတန်းဘက်တွင် မိုင်းဇက
ရပ်စောင့်နေလေသည်။

ဆိုင်များတွင်ကလေးများသာရှိသည်၊
အသက်၁၃နှစ်၁၄နှစ်အရွယ်ကလေးများအားဆိုင်စောင့်ထားခဲ့ကာ
မိဘများက ဇာတ်ပွဲသွားကြည့်နေကြသည်လေ။

အပြင်ဘက်မှာတော့မုန့်ထွက်ဝယ်သည့်လူအနည်းစုသာရှိသည်။

"ဘာလို့လဲ ..ခင်ဗျားဇာတ်ပွဲမကြည့်ဘူးလား"

"ကိုယ်နေမကောင်းဘူး၊ဆေးပေးခန်းသွားမလို့"

"ဟင်"

ဒီအချိန်ကြီးနေမကောင်းဖြစ်လျှင်
ခက်ခဲလှသည်၊ မြို့မှာလို အလွယ်တကူကုရန်ခက်ခဲသည်။

ဆေးပေးခန်းမှာ ညဘက်မဖွင့်၊
ယခုဆိုပို၍တောင်ဆိုအုံးမည်၊

"ဆရာဝန်ကပွဲထဲမှာထင်တယ်၊ကျွန်တော်သွားခေါ်လိုက်ရမလား"

"မခေါ်နဲ့.....ဟိုဘက်ရွာမှာမြို့ကဆရာဝန်အသစ်ရောက်တယ်လို့ကြားတယ် အဲ့ကိုသွားရအောင်"

"ဟုတ်လား....ကျွန်တော်မကြားမိဘူး၊
သူလဲဇာတ်ပွဲလာကြည့်ချင်ကြည့်မှာပေါ့"

"ဒါဆိုကိုယ်က ဒီတိုင်းနေရမှာလား"

"........"

"အား....မူးလိုက်တာ၊မေ့လဲတော့မယ်"

"ဟမ်"

"သေတော့မယ်ထင်တယ်၊ အချိန်မမှီရင်ကိုယ်သေသွားလိမ့်မယ်ကယ်ပါအုံး"

ခေါင်းအား ကိုင်ရင်း ရှုံ့မဲ့စွာပြောနေသဖြင့် ပုံရိပ် ပြာယာခတ်သွားတော့သည်။

အညာမြေမှခေါက်ဆွဲပြုတ်Where stories live. Discover now