Unicode-
ဇာတ်စင်ပေါ်တွင်အငြိမ့်သမက
မေရှင်၏ ပျို့မှာတမ်း ဖြင့် ကွေးနေအောင် ကနေလေသည်။
လပြည့်နေ့ပြဖြစ်တာကြောင့်ထိန်လင်း
နေသည့် လဝန်းဝိုင်းကြီး၏အလင်းမှာ
မြေပြင်ပေါ်ဖြာကျနေပြီ၊မီးထွန်းစရာမလိုအောင် လင်းထိန်လို့နေသည်။
မင်းသမီးခင်မြမေ ကကွေးနေအောင်က၊နောက်မှလူရွှင်တော်များကလဲ
လက်ခုပ်တီးရင်သီချင်းတွေအော်ဆိုပေး၊ ဇာတ်စင်အောက်ကပရိတ်သတ်တွေကလဲ ပျော်ပျော်ရွှင်ရွှင်ဖြင့်ပုံရိပ်ကြည့်နေရင်း ပျင်းလာလေသည်။
အားလုံးက နှစ်အတော်ကြာမှ လုပ်ဖြစ်သည့် အငြိမ့်ပွဲကို စိတ်ဝင်တစားကြည့်နေကြပါသောလည်း...ပုံရိပ်ကြည့်ရင်းပျင်းလာလေသည်။"ခင်ဗျား....အငြိမ့်မင်းသမီးကိုပဲကြည့်နေတော့မှာ......အယ်"
ဘေးတွင် ငြိမ်နေသောလူကြောင့်
အငြိမ့်မင်းသမီးကတာကြည့်ရင်း
ဈာန်ရသွားပြီ အထင်နှင့် လှည့်မေးလိုက်သောလည်း၊
အထင်နှင့်အမြင်လွဲကာ...ဘေးရှိလူမှာ ထိုင်ရက်ဖြင့်တောင့်
တောင့်ကြီး အိပ်ငိုက်နေလေသည်။မသိလျှင်တရားထိုင်နေသည့်အလား။
"သူကငါထက်ပိုဆိုးနေတယ်"
ထိုသို့ရေရွတ်မိသောလည်း ပြုံးမိပါသည်။ မိမိချစ်သူသည်မိမိမှလွဲ၍
ကျန်သည်ကိုစိတ်မဝင်စားပေဆိုတာကိုပေါ့၊ တစ်စောင်းမြင်နေရသည့်
မိုင်းဇမင်းရောင်သည် ချောမွေ့ကြည်လင်သည့်အသားရည်နှင့်
လရောင်အောက်တွင် ခန့်ညားချောမောလို့နေသည်။ပုဆိုးကွက်စိပ်နှင့်ရှပ်အင်္ကျီအဖြူရောင်အားတွဲဝတ်လာပုံမှာ အလွန်ကို
ချောမောလွန်းသည်။ပုံရိပ်ကြည့်နေရင်းမှ မျက်စိရှေ့ကလူကြီးသည် မျက်လုံးပွင့်လာလေသည်။
ထိုနောက် သူ့ဘက်သို့လှည့်ကြည့်လာကာ....
"ပုံပုံ...ကိုယ်အိပ်ချင်နေပြီ"
"ကျွန်တော်ရောပဲ....ပွဲကကြာအုံးမှ
မနက်နေထွက်မှပြီးမဲ့ပုံ"
YOU ARE READING
အညာမြေမှခေါက်ဆွဲပြုတ်
Romance(Mini story) Mine Za Min Yaung+Pone Yeik Che Hnaug Cover artist- Yeik