Unicode-
"ဆိုတော့...မင်းတို့ကဒီည ဒီမှာအိပ်မှာလား"
အိမ်ထဲရောက်သည်နှင့် ဖျာခင်းပေးကာ
အကြိုးအကြောင်းမေးသောကြောင့်
ပြောပြလိုက်ရသည်။"ဟုတ်တယ်....ညနက်သွားလို့လေ"
"အေး.....ဘုရားခန်းမှာအိပ်ကြပေါ့ကွာ
မဟုတ်ဘူးလား""ပုံပုံ....အဆင်ပြေတယ်မလား၊"
"ပြေပါတယ်"
ထိုနေ့ညစိုင်းဇော်မောင် တို့အိမ်တွင်အိပ်ခဲ့ကြသည်။
အိမ်ရှင်တွေက ဘာမှအများကြီးမမေးတာက မိုင်းဇမင်းရောင်နှင့်သူငယ်ချင်းတွေဖြစ်လို့နေမည်။
မအိပ်ခင် စိုင်းဇော်မောင်ဆိုသူကမိုင်းဇကို လာခေါ်သေးသည်။
သူတို့ခြံထဲဆင်းပြီး ဘာတွေပြောနေမှန်းမသိပေမယ့် ပုံပုံအိပ်ချင်နေတာကြောင့်
ဘာမှမတွေးပဲအိပ်လိုက်မိသည်။________________________________
"မင်းတို့ထကြအုံး....အိမ်ရှေ့မှာပုံရိပ်
အမေရောက်နေတယ်"စိုင်းဇော်မောင် ၏အသံကြောင့်
ပုံရိပ်ပြူးပြဲကာထလိုက်မိသည်။အမေကဘယ်လိုလုပ်ရောက်လာတာလဲ၊ တစ်ကယ်ပဲသူက ကလေးကျနေတာ ပျောက်သွားတာနဲ့ ဒီထိလိုက်ခေါ်နေတယ်။
တွေးရင်းသူ အိမ်ရှေ့ပြေးထွက်လိုက်သည်။
အရှေ့တွင် ဒေါ်ရိပ်နှောင်းခိုင်နှင့်လူအနည်းစုပါလာသည်။
~ဖြောင်း~
"ငါပြောထားရက်နဲ့၊စောက်ရှက်မရှိတဲ့ကောင်"
ဒေါ်ရိပ်နှောင်းခိုင်ကပုံရိပ်ကိုမြင်မြင်ချင်း ပါးရိုက်လိုက်လေသည်။
အိမ်ထဲမှလိုက်ထွက်လာသောမိုင်းဇ
လန့်သွား ကာပုံရိပ်အနားပြေးသွားပြီးနောက်....."ဒေါ်ဒေါ်...ကျွန်တော်တို့ ကိုနည်းနည်းလောက်နားလည်ပေးပါဗျာ"
ငိုနေသော ပုံပုံ့အားဖက်ရင်း သူပြောလိုက်သည်။
အမှန်ပင် ပုံရိပ်ကို သူခိုးလာချင်းသာ
ဖြစ်သည်။
YOU ARE READING
အညာမြေမှခေါက်ဆွဲပြုတ်
Roman d'amour(Mini story) Mine Za Min Yaung+Pone Yeik Che Hnaug Cover artist- Yeik