Unicode-
"ကိုမိုင်းဇမင်းရောင်...ခင်ဗျားက အလုပ်လုပ်မစားတော့တာလား
ဆိုင်ကို ပစ်ပြီကျုပ်ဆီပဲလာနေတာ
ခင်ဗျား ရွာဦးစေတီရှေ့မှာစတီးခွက်တစ်လုံး ချပြီး ထိုင်တောင်းချင်နေတာလား အလုပ်ကမလုပ်တော့ဘူးလား"ပြောချင်လဲပြောစရာပေ၊
မိုင်းဇမင်းရောင်တစ်ယောက်ပုံရိပ်ချည်နှောင်နဲ့ ချစ်သူဖြစ်ပြီးထဲက
ပုံရိပ်တို့အိမ်ကိုသာ တစ်နေ့၃ခေါက်လောက် ပုံမှန်လာနေသည်လေ။သူ့အိမ်မှာကသူတစ်ယောက်ထဲ
ဒါကိုဆိုင်ကြီးထားခဲ့ပြီး ပုံရိပ်တို့အိမ်ကိုလာတယ်ဆိုသည်မှာနည်းနည်းတော်
ဆူပူချင်သေးသည်။အပြောခံလိုက်ရသောကြောင့်
မျက်နှာငယ်လေးနှင့်မိုင်းဇမှာ
ပုံရိပ်အား သနားကမားရုပ်ကလေးဖြင့်ကြည့်ရင်း....."ပုံပုံရယ်ကိုယ်ကပုံပုံကိုလွမ်းလို့လာတာလေ"
တွေ့လားပြောလိုက်ရင်သူပဲ သနားစရာ
သူပဲခံနေရတဲ့မျက်နှာထားနဲ့လူ။"ဒီလိုဆိုလဲ ခင်ဗျားဆိုင်ကြီးကိုကျုပ်ခြံထဲပြောင်းလိုက်ပါလား"
"အဲ့လိုလုပ်လို့ရလား၊ဟုတ်တယ်နော်
ကိုယ်လဲစဥ်းစားနေတာ...ဒေါ်ဒေါ်တစ်မျိုးထင်မှာဆိုးလို့လေ ပုံပုံ့ခြံထဲ
ဆိုင်လေးဆောက်ပြီး အရင်ဆိုင်ထဲကပစ္စည်းတွေကိုဒိန်းဒေါင်းနဲ့ရွေ့မယ်
ပြီးရင်အရင်ဆိုင်ကိုငှားစားလိုက်မယ်လေ"ဒေါက်~~
ပြောနေသည့်ပုံမှာ အတည်ပြောနေပုံဖြစ်နေသည်ကြောင့် နားထောင်နေရသော ပုံရိပ်တစ်ယောက်
စိတ်မရှည်စွာခေါင်းကိုတစ်ချက်ခေါက်ချလိုက်လေသည်။ထိုအခါ မိုင်းဇမှာခေါင်းကိုလက်နှင့်ပွတ်ရင်း ဘာလုပ်လို့လဲ ဆိုသည့်ပုံနှင့်မို့
"မကြီးမငယ်နဲ့ ကျုပ်ကရွဲ့ပြောနေတာ၊
ဆိုင်ရွေ့တယ်ဆိုတာလွယ်တဲ့အလုပ်
များထင်နေတာလား""ဘာဖြစ်လို့လဲပုံပုံကလဲ၊သိပ်ခက်တာမှမဟုတ်တာ"
"တော်တော်၊ပေါက်ကရတွေ ထမင်းစားသွားမှာမလား"
"ဘာချက်လဲ"
"သရက်သီးငပိချက်နဲ့လက်ပံပွင့်သုပ်"
YOU ARE READING
အညာမြေမှခေါက်ဆွဲပြုတ်
Romance(Mini story) Mine Za Min Yaung+Pone Yeik Che Hnaug Cover artist- Yeik