Chapter-5

5K 256 0
                                    

Unicode-

သည်နေ့သည် သင်္ကြန်အကြိုနေ့ဖြစ်လေသည်။

အညာနွေသည် အလွန်ပူသည်။
သို့သော် အညာသားဖြစ်သည့်
မိုင်းဇမင်းရောင်မှာ မဖြုန်တော့ပေ။

သို့သော်ဖြုန်နေသည်မှာ မလှမ်းမကမ်းတွင်မြင်နေရသော ကောင်ကလေးသာ

သူ့အားမိုင်းဇ လှမ်းကြည့်နေသည်မှာ
ကြာပြီဖြစ်သည်။

သနပ်ခါးအားခေါင်းအစခြေအဆုံလူးကာ ပုဆိုးအားဒူးအပေါ်ထိတက်ဝတ်ထားပြီး အပေါ်တွင်လဲ ဆွတ်ကျယ်
လက်တိုတစ်ထည်ဖြင့်။

ဒီပုံစံဘုန်းကြီးကျောင်းကိုလာတာပါတဲ့၊
တစ်ကယ့်မနိုင်စိန်ပဲ..

သိပ်မကြာလိုက်ပါ ရွာထဲမှကလေးများ
ရောက် လာပြီး ရေကစားရန်ခေါ်သောကြောင့် ပါသွားလေသည်။

မိုင်းဇ ထိုကောင်လေးအားမြင်လျှင်
အသဲယားလာပြီး ဖောင်းနေသောပါးကြီးအားဆွဲညှစ်ပြစ်ချင်သည်မှာတစ်အား...

"အနီးကပ် တွေ့တဲ့အချိန်မှာ အဲ့ပါးကြီးတွေကိုဖောင်းရမလားကွဖောင်းရမလားကွဆိုပြီး ညှစ်ပြစ်အုံးမယ်"

"ဒကာလေး မိုင်းဇမင်းရောင်၊
ဘာတွေ တွေးနေတာလဲကွယ်"

အတွေးလွန်နေသောမိမိမှာ ဘဘုန်း၏
အသံကြားမှ သတိကပ်မိလေသည့်အထိ ပြုစားထားသော ပါးဖောင်းလေး.

"ဒီတိုင်းဟိုသည်တွေးနေတာပါဘုရား"

"အေးကွယ်အေး၊ဒီနှစ်သင်္ကြန်အလှုူအတွက်ဘုန်းကြီး ကျေးဇူးတင်ပါတယ်ကွယ်"

"တင်ပါ့ဘုရား၊ဘိုးစဥ်ဘောင်ဆက်
လှုူဒါန်းလာတဲ့အလှုူကို တပည့်တော်
လက်ထပ်မှာလဲ မပြတ်မကွက်လှုူဒါန်းသွားမှာပါဘုရား"

"အေးကွယ်၊ဘုန်းကြီးပါစေသက်ရှည်ပါစေဒကာလေး"

"ပေးတဲ့ဆုနဲ့ပြည့်ပါစေဘုရား"

"ဘုန်းဘုန်းဘုရား၊တပည့်တော်မပြန်လိုက်ပါအုံးမယ်ဘုရား"

ကြည့်လိုက်တော့ ဟိုပါးဖောင်းပုံပုံ၏
အမေဖြစ်နေသောကြောင့်
ခေါင်းညှိမ့်ရင်း နေရာဖယ်ပေးလိုက်မိသည်။

အညာမြေမှခေါက်ဆွဲပြုတ်Where stories live. Discover now