အခန်း (၁)

19.8K 180 3
                                    

“ ဟဲ့ ဟဲ့ အမလေးအေ ညည်းကိုဘယ်သူကဘာလုပ်နေလို့ အဲ့ဒီ့လောက်ထိငိုနေရတာတုန်း...အမြဲကြည့်လိုက်ရင်
လဒမှိုင် မှိုင်ပြီး ခိုလိုညီးတွားနေတာ အိမ်ကျက်သရေမရှိဘူး “

“ဂင်္ဂါ အိမ်ထောင်မပြုချင်သေးဘူး ဒေါ်လေး အဟင့်! ဂင်္ဂါကို ဒီမှာပဲနေခွင့်ပြုပါနော် ဘယ်ကိုမှမသွားပါရစေနဲ့  “

“ ဟဲ့ တစ်ဖက်က မြို့မျက်နှာဖုံးအသိုင်းအဝိုင်းကြီးထဲ
ကနော်အဲ့လိုလူမျိုးတွေက ညည်းလိုမိန်းမမျိုးကို လက်ခံပေးတာပဲကျေးဇူးတင်စမ်းပါအေ “

“ ညည်းဘဝကိုကောင်းစားစေချင်လို့ စီစဥ်ပေးတာတောင်
ညည်းကပုန်ကန်နေတာ...ဘာလဲ ပတ်ဝန်းကျင်မှာ ညည်းကို
ငါတို့ကနှိပ်စက်နေပါတယ် အတင်းအကြပ်ခိုင်းစေ
နေပါတယ်ဆိုပြီး အထင်လွဲအောင်လုပ်ချင်တာလား ဟုတ်လား “

“ ဟင်အင်း မဟုတ်ပါဘူး အဲ့လိုမဟုတ်ရပါဘူး ဒေါ်လေး
ဂင်္ဂါ.. ဂင်္ဂါက “

“ ကိုဝင်းကျော်သူ အဟင့်! ရှင့်သမီးပြောတာရှင်ကြားတယ်နော်
မိုးကတော့ သူလေးကောင်းစားပါစေဆိုတဲ့စိတ်နဲ့ စီစဥ်ပေးတာကို အခုတော့ အားလုံးရဲ့အမြင်မှာ မိုးကိုဆိုးသွမ်းတဲ့ မိထွေးတစ်ယောက်ဖြစ်အောင် လုပ်လိုက်ပြီ အဟင့်!  မိုးတကယ်ကိုစိတ်မကောင်းဘူး “

ဒေါ်မိုးသူဇာရဲ့ အတုအယောင်မျက်ရည်များနှင့်အတူ အသနားခံမျက်နှာဖြင့် တိုင်ကြားမှုကြောင့် ကုလားထိုင်
ပေါ်တွင် အေးဆေးထိုင်ကာ သတင်းစာဖတ်နေသည့် ဦးဝင်းကျော်သူ၏အကြည့်တို့က ကြမ်းပြင်တွင်
ကျုံ့ကျုံ့လေးထိုင်ကာ ငိုယိုတောင်းဆိုနေသည့် ဂင်္ဂါမေဆီသို့ ဖျက်ခနဲကျရောက်၏။

“လူကြီးတွေက ကောင်းတယ်ထင်လို့စီစဥ်ရင် နာခံရမယ်ဆိုတာညည်းနားမလည်ဘူးလား ဂင်္ဂါမေ...ဘာကိုခံငြင်းနေတာလဲ “

“ ဒါပေမဲ့  ဂင်္ဂါလက်မထပ်ချင်သေးဘူး ဖေဖေ
အခု အခုထိ ဒီအိမ်မှာမေမေ့ရဲ့အငွေ့အသက်တွေ
ရှိနေသေးတယ်ဆိုတာ ခံစားနေမိတုန်းပဲ..အဲ့ဒါကြောင့် ဂင်္ဂါကို အဲ့ဒီ့ကိုမပို့ပါနဲ့နော်နော် ဖေဖေ “

ဂင်္ဂါမေရဲ့အပြောကြောင့် ဒေါ်မိုးသူဇာမှ အနီရောင်ဆိုးထား
သည့်သူမနှုတ်ခမ်းတို့ကိုမဲ့ရွဲ့အောင်ပြုလုပ်၍ မဲ့ပြုံးတစ်ခု
ဖန်တီးလေ၏။

သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ (Ongoing) [OC]Where stories live. Discover now