“ ဟဲ့ ဟဲ့ အမလေးအေ ညည်းကိုဘယ်သူကဘာလုပ်နေလို့ အဲ့ဒီ့လောက်ထိငိုနေရတာတုန်း...အမြဲကြည့်လိုက်ရင်
လဒမှိုင် မှိုင်ပြီး ခိုလိုညီးတွားနေတာ အိမ်ကျက်သရေမရှိဘူး ““ဂင်္ဂါ အိမ်ထောင်မပြုချင်သေးဘူး ဒေါ်လေး အဟင့်! ဂင်္ဂါကို ဒီမှာပဲနေခွင့်ပြုပါနော် ဘယ်ကိုမှမသွားပါရစေနဲ့ “
“ ဟဲ့ တစ်ဖက်က မြို့မျက်နှာဖုံးအသိုင်းအဝိုင်းကြီးထဲ
ကနော်အဲ့လိုလူမျိုးတွေက ညည်းလိုမိန်းမမျိုးကို လက်ခံပေးတာပဲကျေးဇူးတင်စမ်းပါအေ ““ ညည်းဘဝကိုကောင်းစားစေချင်လို့ စီစဥ်ပေးတာတောင်
ညည်းကပုန်ကန်နေတာ...ဘာလဲ ပတ်ဝန်းကျင်မှာ ညည်းကို
ငါတို့ကနှိပ်စက်နေပါတယ် အတင်းအကြပ်ခိုင်းစေ
နေပါတယ်ဆိုပြီး အထင်လွဲအောင်လုပ်ချင်တာလား ဟုတ်လား ““ ဟင်အင်း မဟုတ်ပါဘူး အဲ့လိုမဟုတ်ရပါဘူး ဒေါ်လေး
ဂင်္ဂါ.. ဂင်္ဂါက ““ ကိုဝင်းကျော်သူ အဟင့်! ရှင့်သမီးပြောတာရှင်ကြားတယ်နော်
မိုးကတော့ သူလေးကောင်းစားပါစေဆိုတဲ့စိတ်နဲ့ စီစဥ်ပေးတာကို အခုတော့ အားလုံးရဲ့အမြင်မှာ မိုးကိုဆိုးသွမ်းတဲ့ မိထွေးတစ်ယောက်ဖြစ်အောင် လုပ်လိုက်ပြီ အဟင့်! မိုးတကယ်ကိုစိတ်မကောင်းဘူး “ဒေါ်မိုးသူဇာရဲ့ အတုအယောင်မျက်ရည်များနှင့်အတူ အသနားခံမျက်နှာဖြင့် တိုင်ကြားမှုကြောင့် ကုလားထိုင်
ပေါ်တွင် အေးဆေးထိုင်ကာ သတင်းစာဖတ်နေသည့် ဦးဝင်းကျော်သူ၏အကြည့်တို့က ကြမ်းပြင်တွင်
ကျုံ့ကျုံ့လေးထိုင်ကာ ငိုယိုတောင်းဆိုနေသည့် ဂင်္ဂါမေဆီသို့ ဖျက်ခနဲကျရောက်၏။“လူကြီးတွေက ကောင်းတယ်ထင်လို့စီစဥ်ရင် နာခံရမယ်ဆိုတာညည်းနားမလည်ဘူးလား ဂင်္ဂါမေ...ဘာကိုခံငြင်းနေတာလဲ “
“ ဒါပေမဲ့ ဂင်္ဂါလက်မထပ်ချင်သေးဘူး ဖေဖေ
အခု အခုထိ ဒီအိမ်မှာမေမေ့ရဲ့အငွေ့အသက်တွေ
ရှိနေသေးတယ်ဆိုတာ ခံစားနေမိတုန်းပဲ..အဲ့ဒါကြောင့် ဂင်္ဂါကို အဲ့ဒီ့ကိုမပို့ပါနဲ့နော်နော် ဖေဖေ “ဂင်္ဂါမေရဲ့အပြောကြောင့် ဒေါ်မိုးသူဇာမှ အနီရောင်ဆိုးထား
သည့်သူမနှုတ်ခမ်းတို့ကိုမဲ့ရွဲ့အောင်ပြုလုပ်၍ မဲ့ပြုံးတစ်ခု
ဖန်တီးလေ၏။
YOU ARE READING
သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ (Ongoing) [OC]
Romanceပြိုင်ပွဲဆိုရင်တောင် ငါကနံပါတ်တစ်ပဲဖြစ်နေစေရမယ် ပြိုင်ဘက်ဆိုတဲ့အရာမျိုး မလိုချင်တာအမှန်ပဲ ။ ခွန်းနောင်တေဇ မလောနဲ့လေ ဒီပြိုင်ပွဲရဲ့နေရာတော်တော်များများမှာ မင်းရောငါရော နံပါတစ်ယူထားကြတာမဟုတ်လား သူ့ရင်ထဲမှာမင်းလဲရှိသလို ငါလဲရှိတယ်ဆိုတာ မမေ့ပါနဲ့။ ခွန်း...