အခန်း (၁၆)

3.2K 35 0
                                    

ဂင်္ဂါရဲ့ခန္ဓာကိုယ်တစ်ခုလုံး လေပေါ်မြောက်တက်သွားသလို ခံစားနေရသည်။

ထို့ပြင် တစ်စုံတစ်ဦးရဲ့အသံရှူသံပြင်းပြင်းနှင့် ကိုယ်ငွေ့နွေးနွေးတို့က သူမခန္ဓာကိုယ်ပေါ်သို့တိုက်ရိုက်ကျကာ ‌ပေါက်ခနဲဆိုသလို အေးစက်သည့်အထိအတွေတို့က  သူမပါးပြင်ပေါ်သို့ တစ်ချက် တစ်ချက် ကျဆင်း၏။

" ဟေး မင်းသတိထားအုံးလေ "

" သူ့အခန်းဘယ်မှာလဲ "

" မမလေး ! မမလေး !"

" အဟင့် မမလေး ! သတိထားပါအုံးနော် "

" မမလေးသနားပါတယ်"

" သားခွန်းနောင်တေဇ သတိပြန်မရမချင်း သူ့ကိုအဲ့နေရာမှာပဲရှိနေပါစေ "

တစ်ဖက်က ရင့်သီးစွာချမှတ်လိုက်သည့် အမိန့်ပေးအာဏာသံ ၊ တစ်ဖက်က သူမအားကရုဏာငိုသံတို့ဖြင့် ခေါ်နေကြသည့် အိမ်စေမိန်းကလေးတို့ရဲ့အသံ။

ထိုအသံမျိုးစုံတို့ ဂင်္ဂါနားထဲ တစ်လှည့်စီကြားနေရကာ အထူးသဖြင့် ယောင်္ကျားတစ်ဦးရဲ့ အသံ။

ထိုအသံဟာ ခွန်းနောင်တေဇဖြစ်သည်လား ခွန်းနောင်ဒီပဖြစ်သည်လားကိုတော့ လက်ရှိနဲ့စိတ်ကူးယဉ်
အတွေးကမ္ဘာကြားထဲ ဝေခွဲမရဖြစ်နေခဲ့၏။

မျက်လုံးအစုံတို့က ချက်ချင်းဖွင့်မရခဲ့သလို ခန္ဓာကိုယ်ကပါ
အတောင့်လိုက်သား ဖြစ်နေပါသည်။

သူမခန္ဓာကိုယ်သူမ မပိုင်ဆိုင်တော့သလိုခံစားနေရချိန်တွင် ဘယ်ကမှန်းမသိသည့် လေငွေ့နုနုနွေးနွေးတို့က မျက်နှာတစ်ပြင်လုံးကို ထိတွေ့လာ၍ နှလုံးအိမ်တစ်ခုလုံး
လှုတ်ခတ်သွားကာ ရင်ထဲ ပြောင်းလဲခြင်းတစ်မျိုးက ချဉ်းနင်းဝင်ရောက်လာ၏။

တစ်ချက် တစ်ချက် အရာဝတ္ထုနှစ်ခုပွတ်တိုက်မှုကြောင့် ထွက်ပေါ်လာသည့် အသံက ဆည်းလည်းသံပမာ နားဝင်ချိုလှ၍နားထောင်လို့ကောင်းနေသလို ထိုအခိုက်အတန့်တွင် ဘယ်ဘက်ရင်အုံမှ အရာလေးကပါ ထိန်းချုပ်မရ တဒိတ်ဒိတ်ခုန်လာသည်။

" ဟင်းဟင်း မင်းကတော်တော်လေးကိုလက်ပေါက်ခက်တဲ့
မိန်းကလေးပဲ...စံအိမ်ကနေထွက်သွားဖို့ပြောခဲ့တာတောင်
အခုထိရှိနေသေးတာ...ဒီလောက်ထိတွယ်ကပ်နေမှတော့
မင်းရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးရတော့မှာပေါ့ "

သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ (Ongoing) [OC]Where stories live. Discover now