အခန်း (၃၃)

3K 35 1
                                    

နောက်မှလှမ်းအော်လိုက်သည့် ဒေါ်ပူစူးရဲ့အသံမှာ ဟိန်းထွက်လို့သွားသည်။ ဂင်္ဂါမှာလည်း မျက်လုံးရှေ့
ဖျက်ခနဲပေါ်လာသည့် ကားအရှေ့ခေါင်းပိုင်းနှင့် ၎င်းထံမှသတိပေးဟွန်းသံကြောင့် ဆတ်ခနဲတုန် ထိတ်လန့်လျက် မျက်လုံးတို့စုံမှိတ်မိသလို
လက်နှစ်ဖက်ကပါ အသင့်ကာလိုက်သည်။

သို့သော် ထိုအရာကြီးက သူမနှင့်တစ်လက်မလောက်
အလိုတွင် ကျွိခနဲထိုးရပ်သွားခဲ့၍ မျက်လုံးတို့ဖွင့်
ကြည့်လိုက်မိစဉ်...

" ဟင် ရှင် ! ရှင် !"

ကားမှန်မှတဆင့် သူမကိုစူးစိုက်ကြည့်နေသည့် ခွန်းနောင်တေဇကိုတွေ့လိုက်ရသည်။

ထို့နောက်ကားထဲမှ သူထွက်လာခဲ့ရင်း..

" ဒါကဘယ်လဲ ဂင်္ဂါမေ !"

သူ့စကားတွင်ဒေါသတို့ရောစွတ်နေလျက် အနားသို့
ရောက်လာသည်မှာမြန်ဆန်လွန်းတော့ သူမအဖို့ လှုပ်ရှားဖို့တောင်အချိန်မရခဲ့ပါ။

လက်ကောက်ဝတ်ကို သူ့လက်ကြီးဖြင့်မနာနာအောင်
ဖိဆုပ်ကိုင်၍ဆောင့်ဆွဲလိုက်တော့ မျက်နှာလေးမဲ့ရှုံ့
သွားမိသည်။

" အား! ဦးခွန်းနောင်တေဇ နာတယ် "

" ‌ဒီထက်မနာချင်ရင် ပြန်လိုက်ခဲ့ !"

" ဟင်အင်း မလိုက်ဘူး ဂင်္ဂါရှင်နဲ့မနေချင်ဘူး လွှတ် "

" တောက် !! လာစမ်း !! "

" ရှင့်ကိုဂင်္ဂါမချစ်ဘူးလို့ပြောနေတယ်မလား
လက်ကိုအခုလွှတ် ရှင်နဲ့တစ်စက္ကန့်လေးတောင်
မနေနိုင်ဘူး အဟင့် ! "

တီတီ !!

တေဇ အံကြိတ်ထားရင်း လက်ထဲကခလုတ်ကို
နှိပ်လိုက်သည်နှင့်ကားတံခါးကသူ့အလိုလိုပိတ်ကျသွားသည်။ထို့နောက် ကျွိခနဲဖြင့်မီးတစ်ချက်လင်းရင်း အသာအယာ
ဘီးသံနှင့်အတူ လူမဲ့ကားလေးမှာ ခြံဝင်းထဲသို့ချောချော
ချူချူဝင်ရောက်လာခဲ့၏။

ထပ်မံ၍ခလုတ်နှိပ်လိုက်တော့ ကားလေးသည်
ထောင့်တစ်နေရာတွင်ထိုးရပ်ကာ စက်အရှိန်သ×တ်
သွားတော့သည်။

" မလိုက်ဘူး မလိုက်ပါရစေနဲ့ ဟင်အင်း "

လွတ်မြောက်ခါနီးမှ တ‌ဖြည်းဖြည်း‌ပြန်လည်
ဝေးကွာသွားခဲ့ရသည့်ကျွန်းတံခါးကြီးကို သမင်လည်ပြန်
စောင်းကြည့်ရင်း ယူကြုံးမရဖြစ်လျက်တအင့်အင့်ရှိုက်ငိုရင်း အိမ်ထဲထိဆွဲခေါ်ခံခဲ့သည်မှာခြေလှမ်းတို့ကတစ်စက်ကလေးမှ
အနားမရခဲ့။

သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ (Ongoing) [OC]Where stories live. Discover now