အခန်း (၃၇)

3.4K 46 0
                                    

" အင်းးးဟူးး"

လှုပ်ရှားမှုကအရင်စတင်ပြီး နောက်ဆက်တွဲတွင် မျက်လုံးအစုံကဆတ်ခနဲပွင့်သွား၍ ရင်ခွင်ထဲပွေ့ဖက်
ထားမိသည့် သူမအား ဦးစွာရှာဖွေမိသည်။

သို့သော် ရင်ခွင်ထဲရောက်နေသည်က သူမမဟုတ်ဘဲ အေးစက်သည့်ဖက်လုံးရှည်တစ်ခုသာဖြစ်လျက်။

ငေါက်ခနဲထလိုက်ရင်း အခန်းအနှံ့ အကြည့်တို့ဖြင့် အလုပ်ရှုပ်လိုက်ရင်း သူမမရှိမှန်းသိတော့ ကုတင်အောက်
ပုံကျနေသည့်အဝတ်အစားတို့ကို ကောက်ယူဝတ်ဆင်ရင်း အပြင်သို့ထွက်လာခဲ့၏။

ပွေ့ဖက်ထားတာကိုလည်း မရုန်း။

တော်တော်ကြာကြာထိ ပခုံးလေးတလှုပ်လှုပ်ဖြင့် ငိုရှိုက်နေခဲ့သည်ကိုသိပါသော်လည်း ချော့ခြင်းမပြု မျက်ကွယ်ပြုလျက် လွတ်ထွက်မသွားအောင်သာ အတင်းအကြပ်ဖက်တွယ်ရင်း သူကိုယ်တိုင်လည်း
ဘယ်လိုအိပ်ပျော်သွားမှန်းမသိသလို သူမလည်း ဘယ်ချိန်မှ အငိုတိတ်သွားခဲ့မှန်းမသိတော့။

စိတ်တွေအရိုင်းဆန်သွားခဲ့သည်မို့ စည်းမစောင့်ဘဲ
ကျူးလွန်ခဲ့သည့်အပေါ် အစကတည်းကအထင်မကြီးခဲ့သည့် သူမကရော သူယုတ်မာတစ်ယောက်အဖြစ် ပိုမိုနာကျည်းခဲ့ပြီလား။

ပိတ်လှောင်ချုပ်နှောင်ထားသည့် ရုန်းမရအနေအထား
တစ်ခုမှာသူ့ဘက်က အခွင့်အရေးယူလိုက်မိသည်က လူမဆန်လုပ်ရက်ဖြစ်၍ နောင်တရခဲ့မိသလို ကိုယ့်အပိုင်ဖြစ်ခဲ့ပြီဟူတဲ့ အတွေးတစ်ခြမ်းကြောင့် ပျော်နေသည်တစ်ဖက်။

အိမ်ရှေ့သို့ထွက်လာပေမယ့် သူမကိုမတွေ့သေးတော့ ခြေလှမ်းတွေက ဒေါ်ပူစူးရှိရာဆီသို့ဆက်၍...

" ဒေါ်ပူစူး ဂင်္ဂါတစ်ယောက်ရော မတွေ့ပါလား "

"သခင်လေး ...မမလေးက ခြံထဲမှာပါ
အပင်တွေစိုက်တာ သူလဲသိချင်ပါတယ်ဆိုပြီး
လိုက်သွားတာပဲကွဲ့ "

" အင်း ဪ ဒီညတော့ ဒေါ်ပူစူးတို့အတွက်ပဲ ပြင်လိုက်ပါ
ကျွန်တော်နဲ့ဂင်္ဂါ အပြင်ထွက်စားမလားလို့ "

" ဟုတ်လား ဒါဆိုကောင်းတာပေါ့ သခင်လေးရယ်
မမလေးက ပျင်းနေရှာတာ ...သခင်လေးသာ အပြင်ထွက်ခွင့်
ပေးမယ်ဆိုတာသိရင် ပျော်သွားမှာအသေအချာပဲ "

သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ (Ongoing) [OC]Where stories live. Discover now