အခန်း (၅၁)

2.3K 42 0
                                    

" ဒီကိစ္စအတွက်လာတာဆိုရင်တော့
မယ်မယ်တို့အခုပဲပြန်လိုက်ပါ..ကျုပ်ရော ဂင်္ဂါရောစံအိမ်ကိုလာဖို့ အစီအစဉ်မရှိဘူး "

မျက်နှာထက်တွင် အမူအယာတွေကင်းမဲ့နေလျက် ပြတ်သား မာထန်စွာပြောလာတဲ့ ခွန်းနောင်တေဇ။

အားလုံးရဲ့မျက်နှာပျက်ကျသွားသည်။ မျှော်မှန်းထားတာရဲ့ ဆန်ကျင်ဘက်အဖြေကြောင့် ‌ဒေါ်စံထိပ်ထားခင်သည် နေရာမှ ထရပ်လိုက်၍...

" သား မင်းဘယ်လိုပြောလိုက်တာလဲကွယ်
ဒါ မယ်မယ်ကြီးရဲ့ အမိန့်မဟုတ်တဲ့ တောင်းဆိုမှုပါ"

" နောက်ဆုံးတောင်းဆိုခြင်းဆိုလည်းမမှားပါဘူး
မင်းအနေနဲ့...ဒါ ဒါကိုတောင်..."

အဆုံးမှာ တိမ်နစ်သွားတဲ့ သူမရဲ့အသံ။ဆက်ပြောဖို့မရှိတော့အောင် ဆို့နစ်ကြေကွဲမှုက လည်ချောင်းဝတွင်ပိတ်ဆို့နေလျက် စိတ်ကိုမနည်းထိန်းနေရ၏။

" ဟုတ် ဟုတ်ပါတယ် သခင်လေးရယ်
မယ်မယ်ကြီးရဲ့ကျန်းမာရေးက တစ်နေ့ထက်တစ်နေ့ပိုပိုပြီးဆိုးရွားလာပါတယ်...ဒါတောင် သခင်လေးတို့ကို မြင်တွေ့ခွင့်ရဖို့ တောင်းဆိုနေတုန်းပါပဲ "

မ‌ရွှေမှ မဝံ့မရဲ ဝင်ပြောလိုက်ပါသည်။

" မယ်မယ်တို့ကို တကယ်ပဲပြတ်သားတော့မှာလားဟင် သား ...ဖြစ်ခဲ့တာတွေအားလုံးအတွက် ဘယ်သူ့ကိုမှအပြစ်တင်မှာမဟုတ်လို့ မယ်မယ်နဲ့စံအိမ်ကိုပြန်လိုက်ခဲ့ပါကွယ် နော် သား "

" အဟက် ! "

တေဇက မျက်နှာလွှဲပြီးမှ ခပ်မဲ့မဲ့ရယ်သည်။

" ကျုပ်အတွက်အဲ့ကိစ္စက အဲ့လောက်ထိ
ဘောင်မဝင်ဘူး မယ်မယ်...ဖြစ်သင့်ဖြစ်ထိုက်တာကို အရယူလိုက်ရုံပဲ "

သူပြောချင်တာက ဂင်္ဂါကိုဒီခေါ်လာတဲ့အကြောင်းအရင်းပင်။ ဒါကို စံထိပ်ထားခင်မှ နားလည်သဘောပေါက်သည့်ပုံစံဖြင့် ခေါင်းညိတ်လိုက်ရင်း...

" ဟုတ်ပါတယ် ဒါကြောင့်လည်း
မယ်မယ်ကြီးက သားတို့ကို စံအိမ်မှာပြန်လာနေစေချင်တာပါ...ပြီးတော့ သားနဲဂင်္ဂါမေရဲ့ မင်္ဂလာပွဲကိုခမ်းခမ်းနားနားနဲ့ ကျင်းပပေးချင်တယ်တဲ့ "

သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ (Ongoing) [OC]Where stories live. Discover now