အခန်း (၂၆)

3.1K 38 0
                                    

" မမလေး ရေချိုးသန့်စင်ဖို့ အမွှေးနံ့သာတွေနဲ့ လိုအပ်တာတွေအားလုံးပြင်ဆက်ပြီးပါပြီ "

မရွှေပြောသမျှကို ဂင်္ဂါကြားပေမယ့် ပြန်လည်မဖြေမိပါ။
အမြင်အာရုံအားလုံးတို့သည် တလွင့်လွင့်လှုပ်ရှားနေသည့် ပန်းနုရောင်ကန့်လန့်ကာနောက်ကွယ်တွင် ပေါ်ပေါ်လာသော
လူတို့ရဲ့လှုပ်ရှားမှုတို့ကိုသာ မျက်တောင်မခတ်စိုက်
ကြည့်နေမိပါ၏။

အစိမ်းရင့်ရောင် မြက်ခင်းပြင်ပေါ်တွင် ပန်းဖျော့နှင့်နို့နှစ်ရောင်ရောစပ်ခင်းကျင်းထားသည့် ထိုင်ခုံစားပွဲတို့နှင့်အတူ အလှဆင်မီးသီးကြိုးတန်း
တို့ကို အပင်ကြီးများပေါ်တွင်ရစ်ပတ်ထားစေသည်။

တသွေ့သွေ့တိုက်ခတ်လာသည့် လေပြေအသွားအပြန်တွင် ပန်းကလေးတို့က လိုက်ပါစီးမျောကာ ယိမ်းထိုးနေ၍ အချင်းချင်းယှက်နွယ်နေကြသည်က သူမအကြောင်း
ပြောဆို၍ လှောင်ပြောင်နေကြသည့်အလား လေညင်းတို့ကပါ တိုးတိုးလေးကပ်ပြောသွား၏။

နောက်ဆုတ်မရတော့တဲ့အခြေအနေတစ်ခုမှာ အလိုက်အထိုက်လေးနေဖို့ပဲကြိုးစားပါတဲ့။

မကြာမှီအချိန်တွင်းတွင် သူမနှင့်ဦးခွန်းနောင်ဒီပ၏ စေ့စပ်ပွဲ
အခမ်းအနား စတင်တော့မှာဖြစ်၍ တစ်ဆက်တည်းတွင် မနက်ဖြန်၌ မင်္ဂလာပွဲအခမ်းအနားပါ ထပ်မံကျင်းပကြ
ပေလိမ့်မည်။

ထိုအချိန်မှစ၍ သူမကမ္ဘာကြီးပျက်သုန်းသွားခဲ့သည်။

မြင်မြင်သမျှအရာတိုင်းက သူမနှင့်ပတ်သတ်၍ တီးတိုးပြောဆိုနေကြသည့်အလား ထိုအရာတို့အောက် သေးနုပ်သွားရသလိုခံစားနေရသည်က ဝမ်းနည်းနေမိ
တာလား သိမ်ငယ်နေမိတာလားမပြောတတ်ခဲ့။

" မမလေး မမလေး "

" အင်ဟင် ပြောလေ မရွှေ "

မရွှေက သူမရှေ့သို့တိုးကပ်လာကာ ပေါင်ပေါ်တင်ထားသည့်
လက်ကလေးကို ဆွဲယူဆုပ်ကိုင်လိုက်ရင်း...

" ခဏနေ အောက်ထပ်မှာဧည့်သည်တွေ
ရောက်လာကြတော့မှာပါ မမလေး ...အဲ့မတိုင်ခင် မမလေးကိုအဆင်သင့်လုပ်ထားပေးဖို့
မယ်မယ်ကြီးကမှာထားပါတယ် အဲ့ဒါကြောင့်..."

သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ (Ongoing) [OC]Where stories live. Discover now