" အကို မှာထားတာတွေရပါပြီရှင့် "" ဩော အင်း "
စားပွဲထိုးတွေ တစ်ယောက်ပြီးတစ်ယောက် လာချနေသည်က ပြထားတဲ့ မီနူးအကုန် မှာထားတဲ့အလားမပြီးပြတ်တော့တာကြောင့် ဘေးဝိုင်းက လူတွေက တောင် အထူးအဆန်းလိုက်ကြည့်နေကြ၏။
" မှာထားတာလေးစုံပါရဲ့လားရှင့် "
" အွန်း စုံတယ်နော် ကျေးဇူးပါ "
စားပွဲထက်မှာ နေရာလွတ်တောင်မရှိတော့။
အငွေ့တထောင်းထောင်းထနေတဲ့ ပင်လယ်စာဘန်းကြီးတွေ ၊ အနံ့မွှေးပြီး အရောင်အဆင်းရဲတောက်အောင်ကြော်ထားတဲ့ ကြက်ကောင်လုံးကြီးတွေ ၊ ထမင်းနဲ့ရေညှိ ရောလိပ်ထားတဲ့ပေါ်မှာမှ အနီရောင်ဥလေးတွေ၊ ကြိတ်ထားတဲ့အသားတွေ စသည့်ပုံစံမျိုးစုံနှင့် တခြားသောအစားအစာများက ပြည့်ကြပ်နေလျက်။
ဂင်္ဂါက ထိုအရာတို့ကို မျက်လုံးအပြူးသားလေးကြည့်၍..
" ဒါတွေအားလုံးက ဂင်္ဂါတို့ စားဖို့လား ဦး "
" အွန်း ကိုယ်ကအဲ့လောက် မဟုတ်ပါဘူး အဓိကက မင်းအတွက် မှာထားတာ မကုန်လဲဘာမှမဖြစ်ဘူး စားနိုင်သလောက်ပဲစား "
သူမဘက်ကို ပန်းကန်တွေတိုးပေးလာတဲ့ ဦး။တကယ်ကိုပဲ ဘာယူလို့ဘာကိုင်ရမှန်းတောင်မသိတော့။
အဝတ်အစားတွေနဲ့တင် ကုန်ကျခဲ့တာက နည်းတာမဟုတ်။ ဒါတောင် ဦးပုံစံကအေးအေးဆေးဆေးပင်။
လူချမ်းသာတွေက ဒီလိုပဲလား။ပိုလျှံနေတဲ့ ပိုက်ဆံတွေကို ဒီလိုနည်းနဲ့ဖြုန်းတီးနေကြတာလား။
အနည်းငယ်တော့စိတ်မကောင်းဖြစ်ခဲ့ရ၍ ဘာလုပ်ပါလို့ အမိန့်ပေးရအောင် သူမကဘာမို့လို့လဲ။
" ဟိတ် စားလေ "
တူ ၊ ခရင်း ဇွန်း တို့ကို အသင့်ယူပေးသည်။ သူ့ဆီကတဆင့် ယူလိုက်၍ ထမင်းနှင့်ရေညှိလိပ်ထားတဲ့ တစ်ခုကိုစားလိုက်ပါသည်။
ထမင်းကအိကပ်နေ၍ ရေညှိအရသာက ငံငံလေး။ပြီးတော့ ကြိတ်ထားတဲ့အသားက ဘာအသားလဲတော့ မသိပေမယ့် နူးညံ့နေကာ စားလို့အတော်ကောင်း၏။
YOU ARE READING
သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ (Ongoing) [OC]
Romanceပြိုင်ပွဲဆိုရင်တောင် ငါကနံပါတ်တစ်ပဲဖြစ်နေစေရမယ် ပြိုင်ဘက်ဆိုတဲ့အရာမျိုး မလိုချင်တာအမှန်ပဲ ။ ခွန်းနောင်တေဇ မလောနဲ့လေ ဒီပြိုင်ပွဲရဲ့နေရာတော်တော်များများမှာ မင်းရောငါရော နံပါတစ်ယူထားကြတာမဟုတ်လား သူ့ရင်ထဲမှာမင်းလဲရှိသလို ငါလဲရှိတယ်ဆိုတာ မမေ့ပါနဲ့။ ခွန်း...