🌺အခန်း (၅၅)🌺
ကျွီ~~ကျွီ~~~
" ဟိုမှာ ကိုကို ဒီဘက်ကိုဆွဲလိုက် "
" ရတော့မယ် ပါလာပြီ ကိုကို လုပ်ထား လုပ်ထား ရေး"
အရုပ်ကောက်စက်ရှေ့မှာ အသက်ဆယ်နှစ်ဝန်းကျင်လောက်သာရှိသည့် ကောင်ကလေးနှင့် ညီမဖြစ်သူဟုယူဆရသော ငါးနှစ် ခြောက်နှစ်အရွယ်သာရှိသည့် ကလေးငယ်နှစ်ဦး။
အရွယ်အစားမျိုးစုံ ပုံစံမျိုးစုံ အရောင်အသွေးစုံလင်နေသော အရုပ်တွေထဲကမှ အပေါ်ပိုင်းမှာ ရွှေအိုရောင်ဆံနွယ်တို့ကို နှစ်ဖက်ခွဲ ကျစ်ဆံမြှီးကျစ်၍ အနီရောင်ဦးထုပ်ကိုဆောင်းထားသည်။
ပြီးတော့ တလက်လက်တောက်ပနေတဲ့ ဂါဝန်လေးကိုဝတ်ဆင်ထား၍ ဖိနပ်လေးပါ ပါ၏။ မျက်လုံးပြူးပြူးလေးနဲ့ ရယ်မောနေတဲ့ ၁၀ လက်မလောက်ရှိသည့်အရုပ်မလေးကို အားကြိုးမာန်တက် အပြင်ကိုထုတ်ယူဖို့ကြိုးစားနေကြတဲ့ မြင်ကွင်း။
ဦးနှောက်ပိုင်းနှင့် အသိပိုင်းဆိုင်ရာမှာ ထုံပေသွားတဲ့ ဂင်္ဂါမေရဲ့မျက်လုံးထဲမှာတော့ ကလေးငယ်နှစ်ဦးနေရာမှာ အသပ်လေးနှစ်ကျော် ကလေးမလေးတစ်ဦးကို မြင်ယောင်သွားလျက်။
ကလေးမလေးသည် မိခင်ဖြစ်သူလက်ကို ကျစ်ကျစ်ဆုပ်ကိုင်ရင်း မီးရောင်တွေနဲ့ ပစ္စည်းမျိုးစုံတင်ခင်းထားတာတို့ကို တအံ့တဩလိုက်ကြည့်နေပါသည်။
" ဝါးးး"
တစ်နေရာအရောက်မှာတော့ သူမခြေလှမ်းတွေရပ်တန့်သွားအောင် တစ်စုံတစ်ခုက အမြင်အာရုံကိုဖမ်းစားသွားခဲ့၏။
သူမရောက်နေတဲ့နေရာက တစ်မြို့လုံးမှာ တစ်ခုထဲသာရှိ၍ ကလေးပစ္စည်းမျိုးစုံ အိမ်သုံးပစ္စည်းမျိုးစုံ အရုပ်မျိုးစုံတို့ကို တဆက်တည်းရောင်းချပေးသည့်နေရာဖြစ်လေသည်။
ဟောခန်းလို ကျယ်ပြန့်သည့်နေရာတွင် ကလေးအကြိုက်အရုပ်မျိုးစုံကို စင်တင်ပြထားရာတွင် ထိုထဲကမှ ဆံပင်ရွှေရောင်နဲ့ ဦးထုပ်အနီရောင်ဆောင်းထားသည့် အရုပ်မလေးက ထင်းထွက်နေသည်။
" မေမေ ..မေမေ ဒါလေးကြိုက်တယ် "
" မေမေ ဒီကိုလာ ဒီမှာ ဒါလေး ဒါလေး မီးမီးကြိုက်တယ် "
YOU ARE READING
သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ (Ongoing) [OC]
Romanceပြိုင်ပွဲဆိုရင်တောင် ငါကနံပါတ်တစ်ပဲဖြစ်နေစေရမယ် ပြိုင်ဘက်ဆိုတဲ့အရာမျိုး မလိုချင်တာအမှန်ပဲ ။ ခွန်းနောင်တေဇ မလောနဲ့လေ ဒီပြိုင်ပွဲရဲ့နေရာတော်တော်များများမှာ မင်းရောငါရော နံပါတစ်ယူထားကြတာမဟုတ်လား သူ့ရင်ထဲမှာမင်းလဲရှိသလို ငါလဲရှိတယ်ဆိုတာ မမေ့ပါနဲ့။ ခွန်း...