အခန်း (၄၃)

2.1K 26 0
                                    


" ဦးရေ...ဟင်! အခုထိမထသေးတာလား "

ဟင်းရည်အိုးတောင်ကျက်လို့ သူမကိုယ်တိုင်သွားမြည်းပြီး လိုအပ်တာတွေပြင်ဆင်ခဲ့ထား၍ သူ့အခန်းထဲရောက်လာခဲ့ခြင်းမှာ ဒါနဲ့ဆိုနှစ်ခါပြန်ဖြစ်၏။

မသွားခင်က နှိုးထားခဲ့တာတောင် ‘ အင်း ’တစ်လုံးထဲ ဆိုကာ ယခုပြန်အိပ်နေသည်တဲ့လား။

ကုတင်ပေါ်တွင် လက်မှောက်ခုံ လူမှောက်ခုံဖြစ်ကာအိပ်ပုတ်ကြီးနေသည့် သူ့ထံသို့ ခပ်ဆတ်ဆတ်လေးလျှောက်သွားလိုက်ပါသည်။

" ဦး ထတော့လေ ဂင်္ဂါမသွားခင်ထဲက နှိုးခဲ့တာကို အခုထိမထသေးဘူး...ဦးတော်တော် အိပ်ပုတ်ကြီးတယ်သိလား "

" ဦး...ဦးခွန်းနောင်တေဇ "

" အင်းးးဟင်းးးဘယ်သူလဲကွာ ‌ကျစ် !
မထသေးဘူး ပြန်အိပ်အုံးမယ် ဟုတ်ပြီလား
သွား...သွားတော့ "

" ဪ ဪ ..."

လူကအသည်းပေါက်သွား၏။

ကိုယ်ကတော့ သူ့ကိုစားစေချင်လွန်းလို့ တကူးတကချက်ပြုတ်ပေးထားတာတောင် အခုထိမထဘဲ မှေးနေတာက မျက်လုံးကမဖွင့် နှုတ်နဲ့တင် ညွှန်းဆိုရင်း လက်ကပါ သူမကို ထွက်သွားဖို့အချက်ပြသေး၏။

နှုတ်ခမ်းတို့ကို ခပ်တင်းတင်းဖိကိုက်ထားမိလျက်
လက်သီးဆုပ်နှစ်ဖက်က သူ့ကျောပြင်ကျယ်ကြီးပေါ်သို့ တဘုန်းဘုန်းသံပြိုင်ကျရောက်တော့သည်။

" အင့် အင့် အဲ့ဒါ မထအုံး
သူများကိုနှင်ထုတ်ချင်အုံး...လူညစ်ပတ်
လူ့အကျင့်ပုတ် လူ့ဂွစွာ အဖိုးကြီး အင့် အင့် "

ဘုန်း ! ဘုန်း !

ဘုန်း!  ဘုန်း !

" ဟာ ဟ ဟ "

" အားးအား!!‌ မိန်း မိန်းမ
အားးအဟွတ် မိန်း..မိန်းမရပ်လိုက်တော့နော်
ယောင်္ကျားအဆုတ်တွေကွာတော့မယ် အဟွတ် "

ဒေါသစိတ်လေးနဲ့အတူ လက်ကအားပါသွားခဲ့တော့အိပ်နေတဲ့သူလည်းမခံနိုင်။ နာကျင်မှုကြောင့် ကြောင်တောင်တောင်ဖြစ်လျက် ထအော်သည်က မျက်လုံးအပြူးသားဖြင့်။

" နာ နာ ..ခံလိုက်အဲ့မှာ လူကိုများ
မိန်းမလေးဘာလေးနဲ့ "

" အားးလားးလားး
ကျောပြင်တော့ကွဲပြီလားမှတ်ရတယ်
လက်သန်ပြောင်လိုက်တာကွာ ကျွတ်ကျွတ် "

သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ (Ongoing) [OC]Where stories live. Discover now