အခန်း (၅၃)

3.4K 70 3
                                    

မောင်းနှင်လာတဲ့တစ်လျှောက်လုံး ဦးကတိတ်ဆိတ်နေတာကြောင့် ဂင်္ဂါ ဦးမျက်နှာကိုမကြာခဏ အရိပ်အကဲခတ် ကြည့်နေမိပါသည်။

ယခုထိ ဂင်္ဂါတို့ဘယ်ကိုဦးတည်သွားနေလည်းမသိပါ။ အေးစက်စက်မျက်နှာထားကြောင့်  ‌မေးလည်း   မမေးရဲ၍ သူ့ဘေးကနေကျောက်ရုပ်သဖွယ်ငြိမ်ပြီးသာ လိုက်ခဲ့မိ၏။

ကားသည် တစ်နေရာပြီး တစ်နေရာကိုဖြတ်ကျော်လာပြီးနောက်မှာတော့ လူတွေဝင်ထွက်သွားလာနေကြသည့် အဆောက်အဦးကြီးအရှေ့တွင် ထိုးရပ်သွားပါသည်။

ဦးကဘာမှမပြောဘဲ သူအရင်ဆင်းကာ သူမဘက်ခြမ်းကို ကူးလာပါသည်။ ပြီးတော့....၊

" ရောက်ပြီ ဆင်းလာခဲ့ "

သူကိုယ်တိုင်ပဲတံခါးဖွင့်ပေးလာတာကြောင့် ကားပေါ်မှ ဆင်းလိုက်သည်။ ဘာမှန်းမသိဘဲထွက်လာရတာကြောင့် ဂင်္ဂါပုံစံက အိမ်နေရင်းအဝတ်အစားတွေနှင့်ပင်။

" ဟိတ် လာလေ "

ရှေ့မှာရှိနေတာက တံခါးအဝင်အထွက်အပေါက်နှင့် ဝင်လာသမျှလူတိုင်းရဲ့ အိတ်တွေကို စစ်နေသည့်စစ်ဆေးရေးဝန်ထမ်းတွေပင်။

အရှိန်အဝါကြီးလွန်းတဲ့အဆောက်အအုံ များပြားလှတဲ့ လူအဝင်အထွက်တို့ကြောင့် ဂင်္ဂါခြေလှမ်းတွေတွန့်ဆုတ်နေတော့ စိတ်မရှည်ပုံနဲ့ လက်ကိုဆွဲ၍ အထဲကိုဝင်စေပါသည်။

ဝန်ထမ်းတွေက ဂင်္ဂါနဲ့ဦးကိုတော့ မျက်လုံးနဲ့သာကြည့်ပြီး ဝင်ခွင့်ပေးလိုက်ပါသည်။ဘာလို့ဆို သူမတို့မှာ ထွေထွေထူးထူးဘာမှမပါခဲ့၍ဖြစ်၏။

အထဲကိုရောက်တာနဲ့ လူကအေးစိမ့်သွားသည်။

" ဦး ဂင်္ဂါတို့က ဒီကိုဘာလာလုပ်ကြတာလဲဟင် "

" ကိုယ်နဲ့မင်း ဈေးဝယ်ထွက်တာ             
မသိသာလို့လား "

" ဟင် !"

" ဒီနေရာမှာ မင်းလိုအပ်တာအကုန်ရှိတယ် ဒီတော့
ကိုယ်တို့ဘယ်ကနေစကြမလဲ "

သူပြောမှသေချာကြည့်မိတော့ဟုတ်သည်။ ဆိုင်ခန်းတွေအများကြီးကိုတွေ့၍ တီဗွီထဲမှာသာမြင်ဖူးသည့်အစားအသောက်ရောင်းချတဲ့ဆိုင်တွေ ၊ ဖိနပ်ဆိုင်တွေအရုပ်လှလှလေးတွေရောင်းသည့်ဆိုင်တွေ တကယ့်ကိုမှ မျိုးစုံပင်။

သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ (Ongoing) [OC]Where stories live. Discover now