" ဘယ်လိုအကြောင်းတွေကြောင့် စံအိမ်ရဲ့မြေးချွေးမအနေနဲ့
ရောက်လာမှန်းတော့ ကိုယ်မသိပေမဲ့ တစ်ခုတော့ပြောချင်တယ် ဂင်္ဂါမေ....။ စံအိမ်မှာခြေချလိုက်ပြီဆိုတာနဲ့ မင်းအတွက်အပြန်လမ်း
ဆိုတာရှိတော့မှာမဟုတ်ဘူး... ဒီတော့ စံအိမ်ရဲ့စည်းမျဉ်း စည်းကမ်းတွေ သတိပေးချက်တွေကို အတက်နိုင်ဆုံး
ရှောင်ကြဉ်ပါ"" တစ်စုံတစ်ခုမှားယွင်းခဲ့မယ်ဆိုရင် မင်းဘယ်သူလဲဆိုတာက
အရေးမကြီးတော့ဘူး ...ထိုက်တန်တဲ့အပြစ်ဒဏ်နဲ့အတူ မင်းအပေါ်ရက်စက်ကြမ်းကြုတ်တဲ့နည်းတွေသုံးလာကြ
လိမ့်မယ် အဲ့ဒီ့အရာက မင်းတောင်မတွေးဝံ့ရဲတဲ့ အရာတွေလည်း အများကြီးပါတယ် "" စံအိမ်ကို ရက်ပိုင်းလောက်ကမှရောက်လာတဲ့မင်းကို
အဲ့ဒီ့အပြစ်ဒဏ်တွေနဲ့တွေ့ရတော့
ကိုယ်အံ့ဩသွားမိတာအမှန်ပဲ
ဘာအကြောင်းကြောင့် အခုလိုလုပ်ရတာလဲဆိုတာကိုပေါ့ "" ဘာလို့ဆို မင်းပုံစံက သူ့အပေါ်လုပ်ကြံရလောက်တဲ့ထိ မသန်စွမ်းဘူး ကိုယ်ပြောတာဟုတ်တယ်မလား အမြဲလိုလို မင်းမျက်ဝန်းတွေထဲမှာ အကြောက်တရားတွေကိုပဲ မြင်နေရတာ "
ဂင်္ဂါ ဘာတစ်ခုမှပြန်မဖြေနိုင်ခဲ့ပါ။
ဦးခွန်းနောင်ဒီပသည် သူမရဲ့အရာရာတို့ကို ထိုးဖောက်မြင်လေသည့်အတိုင်း ပြောဆိုလာတော့ နှုတ်ခမ်းလေးမသိမသာစေ့ပိတ်မိရင်း ဆိတ်ငြိမ်နေမိတာအမှန်ပါပဲ။
ထို့အပြင် သူ့မျက်ဝန်းတွေထဲမှာလည်း စံအိမ်နဲ့ပတ်သတ်ပြီး
တစ်ခုခုသောခံစားချက်တွေရှိမှန်း သူ့ပြောစကားအရ
သက်ဝင်ခံစားမိပါသည်။တကယ်ဆို ဘာကြောင့်လဲဆိုတဲ့မေးခွန်းကို သူမေးချင်ပေမယ့်
ကောင်မလေးပုံစံက အကြောက်လွန်တတ်သလို မည်သူ့ကိုမဆိုရိုကျိုးတတ်သည့် အသွင်သဏ္ဍာန်ကြောင့် လွယ်လွယ်နှင့်မေးလို့ရမည်မထင်။ထို့အပြင် တစ်စုံတစ်ဦးရဲ့ကိုယ်ရေးကိုယ်တာကိုမေးယူရ
လောက်သည်ထိ သူစိတ်မဝင်စား။နှုတ်ဆိတ်နေမိရင်း သတိပေးစကားတွေသာ တရစပ်ပြောနေလိုက်တော့ မျက်လုံးလေးအပြူးသားဖြင့် သူပြောသမျှလိုက်မှတ်နေသည့်ဟန် ခေါင်းလေးငုံ့ချလျက်။
YOU ARE READING
သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ (Ongoing) [OC]
Romansပြိုင်ပွဲဆိုရင်တောင် ငါကနံပါတ်တစ်ပဲဖြစ်နေစေရမယ် ပြိုင်ဘက်ဆိုတဲ့အရာမျိုး မလိုချင်တာအမှန်ပဲ ။ ခွန်းနောင်တေဇ မလောနဲ့လေ ဒီပြိုင်ပွဲရဲ့နေရာတော်တော်များများမှာ မင်းရောငါရော နံပါတစ်ယူထားကြတာမဟုတ်လား သူ့ရင်ထဲမှာမင်းလဲရှိသလို ငါလဲရှိတယ်ဆိုတာ မမေ့ပါနဲ့။ ခွန်း...