အခန်း(၃၆)

3.7K 43 3
                                    

" အို ! ဦးခွန်းနောင်တေဇ
ရှင် ရှင် ဒါဘာလုပ်တာလဲ အခုဖယ်ပေး
ဒေါ်ပူစူးတို့မြင်ရင်မကောင်းဘူး "

" ‌အဟင်း ဘာလို့အဲ့လောက်ထိရုန်းကန်နေရတာလဲ
ဘာလဲ ကိုယ်မင်းကို တစ်ခုခုလုပ်လိုက်မှာ‌စိုးလို့လား "

" ဟင်အင်း ရှင် ရှင် လူညစ်ပတ်ကြီး
အခုလွှတ် အခုလွှတ်ပေးနော် "

သူပြောတော့မှ အပေါ်ပိုင်းဗလာကျင်းဖြစ်နေသည့် ရင်ဘတ်ပြင်ကျယ်ကြီးဆီသို့ အကြည့်တို့ရောက်သွားခဲ့၍ ပါးနှစ်ဖက်တို့ကပန်းရောင်သမ်းသွားရကာ အကြောက်အကန်ငြင်းဆန်နေမိ၏။

နှစ်ယောက်အိပ်ကုတင်ကြီးပေါ်တွင် ဖြန့်ကြဲထားသည့် အနီရောင်ပွင့်ဖတ်လေးတွေက ကုတင်ပေါ်တွင်တစ်ဝက် အောက်ကြမ်းပြင်တွင်တစ်ဝက်ဖြင့် ဖိတ်စင်နေလျက်။

ထိုအပေါ်တွင် နှစ်ဦးသားပူးတွဲဖြစ်နေသည်က ဂင်္ဂါကအောက်
တေဇမှ သူမပေါ်တွင်အုပ်မိုးရက်အနေအထားဖြင့် လက်ထောက်ထားလေသည်။

နွေးအိနေသည့်ကိုယ်လုံးလေးက သူ့ရင်ခွင်ထဲနစ်မြုပ်နေလျက် သနပ်ခါးနံ့မွှေးမွှေးလေးကိုပါ အနီးကပ်ရရှိလိုက်တော့ သူ့စိတ်တွေဝုန်းဒိုင်းကြဲကုန်၏။

" ဖယ်ပေးလို့ပြောနေတယ်လေ အဟင့်
ရှင် ဒါလူကိုအနိုင်ယူတဲ့နည်းလား ဦးခွန်းနောင်တေဇ "

သူကိုယ့်ကိုပြောခဲ့တုန်းက ရိုးရိုးသားသား။
အခုတော့လူကိုချုပ်နှောင်ပြီးအနိုင်ယူနေရတာကိုမှကျေနပ်
နေတာ။

" ရှင့်ကို အခွင့်ရေးသမားမှန်းမထင်ခဲ့မိဘူး
အခုတော့ ကြာလေ မုန်းလေပဲသိလား "

ဘယ်လောက်ပဲနာကျည်းအောင်ပြောပြော သူ့မျက်နှာကတစ်စက်ကလေးမှပျက်မသွားပေ။ထို့ပြင် မထိတထိအပြုံး အမူအယာတွေကင်းမဲ့နေသည့်
မျက်နှာထားဖြင့် ကိုယ်ပြောလိုက်သည့်စကားကိုဟာသ
တစ်ခုလို ဟားတိုက်ရယ်လေ၏။

" အဟား ! အဟက် !
ကိုယ်ကရော မင်းဆီကအချစ်တွေပေးပါလို့
တောင်းဆိုနေလို့လား ကောင်မလေး "

"ကိုယ်ဆိုတဲ့ကောင်ကလိုချင်ပြီဆို ဆူးပဲကာကာ ပင်လယ်ပဲဖြတ်ရဖြတ်ရမရရအောင်ယူတတ်တဲ့အကျင့်ရှိတယ်
တရားမျှတသည်ဖြစ်စေ မမျှတသည်ဖြစ်စေ အဓိကက ကိုယ့်အပိုင်ဖြစ်လာဖို့ "

သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ (Ongoing) [OC]Where stories live. Discover now