" ရိုက်လေ ရှင်ရိုက်...ရိုက်လိုက်စမ်းပါ !
ရှင်ဆိုတဲ့လူက မိန်းမတစ်ယောက်အပေါ်
လက်ရွယ်ရုံတင်မဟုတ်ဘူး ရိုက်နိုင်တဲ့အထိ
လုပ်နိုင်တယ်ဆိုတာကိုပါ ပြလိုက်လေ "အကြောက်အလန့်မဲ့ သူ့ကိုစေ့စေ့ကြည့် ချေပသမျှတို့အောက်
ထိုလက်တစ်ဖက်က ကျောက်ရုပ်ပမာရပ်တန့်နေဆဲဖြစ်၍
ဒေါသတွေနဲ့ကိုယ့်စိတ်ကို ပြန်လျော့နေရသည်။" သခင်လေး...သခင်လေးစိတ်ကိုလျှော့ပါနော်
တကယ်တော့လေ မမလေးက အခုမှနေကောင်းကာစမို့
အခုလိုတွေပြောနေမိတာပါ စိတ်ထဲရှိလို့မဟုတ်ပါဘူး
ခွင့်လွှတ်ပေးပါနော် "ဂင်္ဂါက ဒါကိုလက်မခံ ခါးခါးသီးငြင်းလျက် ဒေါ်ပူစူးပြောစကားနှင့် ဆန့်ကျင်ဘက်သို့တုံ့ပြန်၏။
" သူ့လိုလူမျိုးအတွက် မတော်တဆဆိုတာမရှိဘူး ဒေါ်ကြီး
ဒီလိုလူဆီက ခွင့်လွှတ်မှုကိုတောင်းခံမဲ့အစား ကိုယ့်ကိုယ်ကိုယ်ပဲပြန်အပြစ်ပေးလိုက်မယ် "" မလွန်ဆန်နိုင်လို့ လက်မြှောက်အရှုံးပေးရတာထက်စာရင်
သိက္ခာရှိရှိနဲ့ အသက်ပဲအသေပဲခံလိုက်မယ် ဘယ်တော့မှ ရှင့်အစေအပါးမဖြစ်လာစေရဘူး "" အဟင်းဟင်း ဟားဟား အဟား "
ထိုစဉ် သူသည် ခါးထောက်ခေါင်းမော့ရင်း ထရီလိုက်တော့ ဂင်္ဂါသူ့ကိုစေ့စေ့စိုက်ကြည့်ရင်း နှုတ်ခမ်းတို့ကိုဖိကိုက်
လိုက်သည်။" အဲ့လောက်ထိဘယ်လွယ်ပါ့မလဲ "
" အင့် ! ရှင် လွှတ် !"
အံကြိတ်ပြောရင်း လက်တစ်ဖက်က ပါးနှစ်ဖက်ကိုဖိဆုပ်
ဖျစ်ညှစ်လျက် သူ့ဘက်သို့ဆွဲတော့ မျက်နှာနှစ်ခုက နီးကပ်သည့်အနေအထားသို့ရောက်သွားသည်။ထို့နောက်ရုန်းမရအောင် ခါးသိမ်သိမ်လေးကိုပါ
ဆွဲဖက်လိုက်သည်နှင့် သူ့ရင်ခွင်ထဲစုန်းစုန်းနစ်မြုပ်သွားခဲ့ကာ မျက်နှာကိုနောက်သို့ အတင်းရုန်းကန်ထားမိ၏။သူ့နှာခေါင်းက မျက်နှာတစ်ဝိုက် တဝဲလည်လည်ရှိ၍ ထွက်သက်လေငွေ့တချို့တို့က ပါးပြင်အားထိကပ်
ကျီစယ်နေလျက်။
YOU ARE READING
သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ (Ongoing) [OC]
Romanceပြိုင်ပွဲဆိုရင်တောင် ငါကနံပါတ်တစ်ပဲဖြစ်နေစေရမယ် ပြိုင်ဘက်ဆိုတဲ့အရာမျိုး မလိုချင်တာအမှန်ပဲ ။ ခွန်းနောင်တေဇ မလောနဲ့လေ ဒီပြိုင်ပွဲရဲ့နေရာတော်တော်များများမှာ မင်းရောငါရော နံပါတစ်ယူထားကြတာမဟုတ်လား သူ့ရင်ထဲမှာမင်းလဲရှိသလို ငါလဲရှိတယ်ဆိုတာ မမေ့ပါနဲ့။ ခွန်း...