အခန်း (၆၄)

972 51 7
                                    

" ဆရာဝန် ဆရာဝန်မြန်မြန်သွားခေါ်ကြစမ်း ! "

" ဟုတ် ဟုတ်ကဲ့ပါ သခင်လေး "

ပါးနုနုလေးကို သူ့လက်နဲ့ အသာအယာပုတ်နှိုးနေတဲ့ ဒီပမျက်နှာက အကြီးအကျယ်ပျက်ယွင်းနေသလို ‌ထိတ်လန့်တကြား ကြောင်ကြည့်နေကြတဲ့ သူတွေကို လည်း အော်ဟောက်ပစ်၏။

"  ချာတိတ်.. ချာတိတ် မင်းသတ်ိထားပါအုံး"

ရင်ခွင်ထဲ ပျော့ခွေခွေဖြစ်နေတဲ့ သူမနှုတ်ခမ်းတွေက သွေးမရှိသလိုဖြူလျော့နေသည်။သေချာကြည့်မိတော့မှ နဂိုထက်ပိန်သွားတာကိုမြင်တွေ့ရ၍ သူ့အနေနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင်ဖြစ်ခဲ့ရသည်။

" ဟာ ! ဂင်္ဂါ ကလေး "

ထိုအချိန်မှာပဲ ခွန်းနောင်တေဇရောက်ချလာ၏။ 

ဖြစ်သွားတဲ့ အခြေအနေတစ်ခုမှာ မေ့မျောနေတဲ့ဇနီးရဲ့ခန္ဓာကိုယ်ကို ညီဖြစ်သူမှပွေ့ချီထားတဲ့မြင်ကွင်းက သူ့ရှေ့တည့်တည့်၌။

ပူပင်စိတ်ကကြီးစိုးခဲ့ပြီး အနက်ရောင်ရှပ်အင်္ကျီလက်ရှည်ကို လက်မောင်း‌ထိအမြန်ဆွဲတင်ရင်း...

" ကလေးငယ် သူဘာဖြစ်သွားတာလဲ "

ညီဖြစ်သူလက်ထဲမှ သူမကိုအသာပွေ့ယူတော့         အလိုက်သတိပင် လွှဲပေး၏။

မျက်ဝန်းထဲမှာ အသိအမှတ်ပြုခြင်းတွေပဲရှိ၍...

" ကျေးဇူးပါ ညီ "

ပခုံးပေါ်လက်တင်၍ ကျေးဇူးတင်စကားပြောခံလိုက်ရတော့ အလိုအလျောက်ခေါင်းညိတ်လိုက်မိကာအသိစိတ်မဲ့နေတဲ့ သူမကိုဆွဲထုတ်သွားသည်နှင့် သူ့ရင်ခွင်ထဲ ဟာခနဲကျန်ရစ်ခဲ့၏။

ထိုအဖြစ်ကနေသိလိုက်ရတာက သူဟာလူပို         
တစ်ယောက်သာသာ သာဖြစ်ပြီး ခဏတာနီးစပ်ခွင့်ရခဲ့ပေမယ့် နောက်ဆုံးတော့ အလှဆုံးပန်းလေးတစ်ပွင့်ဟာ သူမဥယျာဉ်မှူးထံမှာပဲ နားခိုခွင့်ရှိခဲ့တယ်။

သူနဲ့လားလားမှမဆိုင်တော့။

နွေးထွေးခဲ့တဲ့လက်အစုံဟာ ပြန်လည်အေးစက်သွားခဲ့လျက် ဖြန့်ထားတဲ့လက်ချောင်းတွေကို ခပ်ငေးငေးစိုက်ကြည့်ရင်း ကျစ်နေအောင်ဆုပ်ထားမိတော့၏။

You've reached the end of published parts.

⏰ Last updated: 7 days ago ⏰

Add this story to your Library to get notified about new parts!

သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ (Ongoing) [OC]Where stories live. Discover now