" အဟင်း သူမအရမ်းနဲ့ပျော်ရွှင်နေတယ်မလား ဒေါ်ပူစူး"ရုတ်တရက်...အိမ်ရှေ့မြက်ခင်းပြင်တွင် ခွေးစွတ်ဖွားလေးနှင့် ရီမော ဆော့ကစားနေသည့် ဂင်္ဂါမေရဲ့မြင်ကွင်းကိုကြည့်ကာ ကောက်ထပြောလိုက်သည်။
ထိုအခါ ဒေါ်ပူစူးကပါ သံယောင်လိုက်ကြည့်လိုက်ရင်း...
" ခီခီ လာ ဒီကိုလာ ဟားဟား ခီခီကတော်လိုက်တာ နောက်တစ်ခေါက် နောက်တစ်ခေါက်လုပ်ပြပါဦး "
" ဟုတ်ပါတယ် သခင်လေး
အဒေါ်ကြည့်ရသလောက်ကတော့ မမလေးဟာ
တစ်ခါမှမပျော်ဖူးတဲ့အပျော်တွေနဲ့ ပျော်ရွှင်နေပါတယ်"အဖြူရောင်ခွေးစုတ်ဖွားလေးနောက်ကိုပြေးလိုက်နေတဲ့ သူမမျက်နှာထက်က အပြုံးတို့ဟာ သူ့အပေါ်တစ်ခါမှထုတ်မပြဖူးသည့် ရှားပါးပစ္စည်းတစ်ခုလိုကွေးညွတ်လိုက်တိုင်း ချိုင့်ဝင်သွား
သည့် အရာလေးနှစ်ခုကထင်းခနဲရှိသွားကာ စေ့ပိတ်လုဆဲဆဲရှိတဲ့မျက်ဝန်းထက်မှ မျက်ရစ်ကွေးကွေးလေး ၊ သွားတန်းဖြူဖြူ ထိုအရာတို့ကိုပေါင်းစပ်ကြည့်လျှင် အပြစ်ကင်းစင်သော ကလေးငယ်ပမာ သူ့ရင်ထဲအေးချမ်းမှုတွေ တိုးဝင်လို့လာချေသည်။ထိုအရာနှင့်အတူ ရက်စက်မိတဲ့အခိုက်အတန့်တွေပါတရိပ်ရိပ်ထိုးဖောက်လာတော့....
" ကျုပ်လုပ်ရက်တွေ မှားလား မှန်လား မသေချာတော့ပေမဲ့ သေချာတာတစ်ခုကဝောာ့ ကျုပ် သူ့ကိုလက်လွှတ်မခံနိုင်တော့ဘူး "
သူ့လုပ်ရက်တွေအတွက် အမှားတွေရှိသလို ခံစားလာရတာက သူမအပေါ်ထားတဲ့ခံစားချက်တွေ အရောင်ပြောင်းလာ၍လား။
ဒါကိုနားလည်ဟန်ရှိတဲ့ ဒေါ်ပူစူးမှခေါင်းတစ်ချက်ညိတ်ရင်း...
" မေတ္တာတရားကိုရှေ့ထားပါ သခင်လေး
မေတ္တာလက်နက်နဲ့သာဆို အရာရာကိုအောင်မြင်
နိုင်ပါတယ်..လူသားတစ်ယောက်ဖြစ်နေရင်တောင်မှပေါ့ "" အဓိကက သခင်လေးရင်ထဲမှာ ဘာတွေရှိလဲဆိုတာ မမလေးမြင်အောင်ပြသလိုက်ဖို့ပဲလိုတယ်"
" ဒေါ်ပူစူး ခဗျားတကယ်ကိုစကားပြောကောင်းတယ်"
" မဟုတ်ရပါဘူး သခင်လေးရယ်
အဒေါ်က အို ! သခင်လေး သွေး သွေးတွေ !"
YOU ARE READING
သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ (Ongoing) [OC]
Romanceပြိုင်ပွဲဆိုရင်တောင် ငါကနံပါတ်တစ်ပဲဖြစ်နေစေရမယ် ပြိုင်ဘက်ဆိုတဲ့အရာမျိုး မလိုချင်တာအမှန်ပဲ ။ ခွန်းနောင်တေဇ မလောနဲ့လေ ဒီပြိုင်ပွဲရဲ့နေရာတော်တော်များများမှာ မင်းရောငါရော နံပါတစ်ယူထားကြတာမဟုတ်လား သူ့ရင်ထဲမှာမင်းလဲရှိသလို ငါလဲရှိတယ်ဆိုတာ မမေ့ပါနဲ့။ ခွန်း...