" သခင်လေးခွန်းနောင်တေဇ ဂင်္ဂါတို့က အခုဘယ်ကိုသွားနေကြတာလဲဟင် "
ခွန်းနောင်ဒီပ မဟုတ်မှန်းသိလိုက်သည်နှင့် တရွေ့ရွေ့သွားနေသည့်ကားကြီးထဲလိုက်ပါခဲ့ရသည့်
အဖြစ်ဟာ ရင်ထိတ်ခြောက်ခြားစရာအဖြစ်သို့ ရောက်သွားခဲ့လျက်။ဘေးပတ်ဝန်းကျင်မှာ အမှောင်တိတိသို့ကျသွားခဲ့ရင်း တိုက်တွေ ကားတွေရဲ့ မီးရောင်တလက်လက်တို့ကိုသာ လိုက်လံကြည့်မိရင်းမျက်ရည်လေးတွေဝဲတက်လာပါသည်။
ယခုချိန်လောက်ဆို ပျောက်ရှသွားသည့် သူမအဖြစ်ကိုသိသွားကြ၍အထူးသဖြင့် ဦးခွန်းနောင်ဒီပ
တစ်ယောက် အစိုးရိမ်ကြီးစိုးရိမ်ကာ လိုက်လံရှာဖွေ
နေပြီလား။အတွေးတွေနဲ့ချာချာလည်နေရင်း နဖူးမှချွေးစလေးတွေက နားထင်တစ်လျှောက်စီးကျလာလျက် ရင်ညွှန့်လေးပေါ်သို့
ပေါက်ခနဲကြွေဆင်းသည်။"ကျေး...ကျေးဇူးပြုပြီး ဂင်္ဂါကိုပြန်ပို့ပေးပါနော် သခင်လေး "
သူမဘဝသည် ခွန်းနောင်တေဇလက်ထဲ၌ မှောက်လိုမှောက် သွန်လိုသွန် လုပ်ချင်တိုင်းလုပ်လို့ရသည့် အခွင့်တစ်ခုထဲ
ရောက်နေတာကြောင့် တိုးလျှိုးတောင်းပန်သည့် လေသံလေးတို့ဖြင့်သာ လှမ်းပြောလိုက်မိပါသည်။လက်ဖျား ခြေဖျားလေးတွေမှာတော့ အေးစက်ခြင်းအဖြစ်သို့
ကူးပြောင်းလျက် နှလုံးခုန်သံတို့ဟာ မြန်သထက်
မြန်ဆန်လာ၏။" ဆောရီးပဲ ကိုယ်မင်းကိုခိုးလာခဲ့ပြီ "
" အို! မဟုတ်..မဟုတ်ဘူး !!"
ကြားလိုက်ရသည်တို့ကြောင့် တစ်ကိုယ်လုံးရှိအကြောတို့က နားထင်ထက်သို့ဒိန်းခနဲ တက်ဆောင့်ခြင်းတို့ရောက်သွား
လျက် ငြင်းဆန်မှုတို့ကပါ သူ့အလိုလိုပေါက်ထွက်လာသည်။" ဟင်အင်း ဟင်အင်း ! အဲ့လိုမဖြစ်ရဘူး!!
သခင်လေးခွန်းနောင်တေဇ ကားကိုအခုချက်ချင်းရပ်ပေးပါ "" အဟက် !! နောက်ကျသွားပြီ ဂင်္ဂါမေ
အခုရန်ကုန်ကထွက်လာလို့ မန္တလေးသွားမဲ့
လမ်းမကြီးပေါ်တောင်ရောက်နေပြီ "
YOU ARE READING
သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ (Ongoing) [OC]
Romanceပြိုင်ပွဲဆိုရင်တောင် ငါကနံပါတ်တစ်ပဲဖြစ်နေစေရမယ် ပြိုင်ဘက်ဆိုတဲ့အရာမျိုး မလိုချင်တာအမှန်ပဲ ။ ခွန်းနောင်တေဇ မလောနဲ့လေ ဒီပြိုင်ပွဲရဲ့နေရာတော်တော်များများမှာ မင်းရောငါရော နံပါတစ်ယူထားကြတာမဟုတ်လား သူ့ရင်ထဲမှာမင်းလဲရှိသလို ငါလဲရှိတယ်ဆိုတာ မမေ့ပါနဲ့။ ခွန်း...