အခန်း (၆)

4.1K 57 0
                                    

အခန်း { ၆ }

" ကြိုဆိုပါတယ်ရှင့်! "

အိမ်အပေါက်ဝ၌ အစေခံများတန်းစီစွာ ကြိုဆိုနေပုံက
သဘောကျစရာဖြစ်၏။

အိမ်တွင်းသို့မရောက်မှီ စင်္ကြန်လမ်းတစ်လျှောက်
ဖြတ်သန်းလာခဲ့ရကာ ၎င်းတို့ပတ်ပတ်လည်တွင် အစိမ်းရောင်သစ်ပင် ၊ ပန်းပင်၊သစ်ခတ်သစ်ရွက် ၊ အနွယ်ပင်ပေါင်းများစွာက မျက်လုံးအကြည့်တို့
မလွှဲနိုင်လောက်အောင် လှပနေကြသည်။

ထိုပန်းပင် သစ်ပင်များကြားတွင် ကုန်းကုန်းကွကွဖြင့် ရေလောင်းသည့်သူက လောင်း ၊ မြေတူးဆွသည့်သူက တူးဆွဖြင့် သူ့နေရာနှင့်သူ အစီအစဥ်ကျနေလျက်။

မြင်လေသမျှ ယောင်္ကျား ၊ မိန်းမ အားလုံးတို့သည် အသက်အရွယ်အရ ငယ်ရွယ်ကြ၍ ယခုထိပင် သက်ကြီးပိုင်းများမတွေ့သေးပေ။

ထိုစဥ် ညီမဖြစ်သူကပ်ပြောသမျှ စကားသံတို့ကို သူမနားထဲ ပြန်လည်ကြားယောင်လာသည်။

" ကောလဟာလတွေအရတော့ အဲ့ဒီ့စံအိမ်မှာ အသက်ကြီးတဲ့
သူတစ်ယောက်မှမရှိဘူးတဲ့လေ...အားလုံးကို ငယ်ရွယ်ပြီး လုပ်နိုင်ကိုင်နိုင်တဲ့အရွယ်တွေပဲထားထားတာတဲ့ "

" အဟင်း သူတို့ထဲက တစ်စုံတစ်ယောက်က ဖျားနာလို့ အလုပ်မလုပ်နိုင်ဘူးထင်တာနဲ့ ချက်ချင်းအလုပ်ဖြုတ်ပစ်တာ
မဂါ ဟိုရောက်ရင်သိမှာပေါ့ အခုထဲကပြင်ဆင်သွားအုံး
တော်ကြာ အလွဲလွဲအချော်ချော်တွေဖြစ်လို့ နှင်ထုတ်ခံရမှ
နေစရာမရှိဘဲနေမယ် "

အမှန်တကယ်ပဲ ညီမလေးပြောသလိုဖြစ်နေမလား။

ဂင်္ဂါ ကားမှန်မှတဆင့်အပြင်ဘက်အခြေအနေကိုကြည့်ကာ
စဥ်းစားမိလေသမျှ စံအိမ်ကိုဦးတည်နေသည့် သူမတို့ကားကိုတွေ့တော့ အားလုံးမှအထူးတဆန်းဖြစ်ကာ ရပ်ကြည့်နေကြ၏။

" ဟော အကိုကြီးတို့လာကြပြီလား လာပါ လာပါ
အထဲကိုကြွပါရှင့် "

အမျိုးသမီးတစ်ဦးထွက်လာ၍ သူမတို့ကိုနှုတ်ဆက်တော့ ဂင်္ဂါဆတ်ခနဲဖြစ်သွားကာ အတွေးရေယာဥ်ကြောထဲမှ လွတ်မြောက်သွားလျက် အိမ်ထဲသို့ဝင်လိုက်ပါသည်။

သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ (Ongoing) [OC]Where stories live. Discover now