" ဂင်္ဂါ ဂင်္ဂါ..."
"အထူးတလည်ရှင်းပြနေစရာမလိုပါဘူး
ကိုယ်နားလည်တယ်နော် မိန်းမ...ဒီက ညီ ဆောရီးကွာ အကို့အမျိုးသမီး ကိုယ်စား အကိုပဲတောင်းပန်တယ်နော်
ညီ့ကိုလဲ အလုပ်ရှုပ်စေခဲ့ပြီ ဒီတော့ အကိုပါ ကူလုပ်ပေးမယ်
ဟုတ်ပြီလား "ဝိတ်တာမှ ပါးစပ်အဟောင်းသားဖြင့် သရုပ်ဆောင်
ကောင်းလွန်းသည့် တေဇကိုကြည့်လိုက် ဂင်္ဂါကို
ကြည့်လိုက်ဖြင့် ဆွံ့တအအ။ပုံမှန်အတိုင်းပြန်ဖြစ်သွားတော့မည့် အခြေအနေတို့ကို
ကြည့်ရင်းယူကြုံးမရစိတ်ဖြင့် မျက်ရည်လေးတွေဝဲတက်လာ
သလို နှလုံးခုန်သံကတဒိန်းဒိန်းဖြင့် ဆောင့်တက်လာလျက်။ဟင်အင်း မဟုတ်ဘူး။
ဒါက ဒီလောက်နဲ့တင်ပြီးဆုံးသွားမှာလား။
ဒါဆို သူမရဲ့ကြိုးစားမှုတွေကရော အချည်းနှီးဖြစ်ခဲ့ပြီလား။
သူပြောခဲ့သလို ဘယ်လောက်ပဲကြိုးစားကြိုးစား အဆုံးမှာ သူနဲ့ပဲအဆုံးသတ်သွားမယ်ဆိုတဲ့စကားကရော အမှန်ဖြစ်တော့မှာလား။
" ဟင်အင်း !"
မျက်လုံးမှိတ်ခေါင်းခါလျက် အောက်နှုတ်ခမ်းလေးကို
ဖိကိုက်ရင်းအစအနတွေကို တေဇနှင့်အတူကောက်နေသည့် ဝိတ်တာရဲ့လက်ကိုဖမ်းကိုင်လိုက်လျက် အသံထွက်လိုက်တော့ ခေါင်းထောင်ကြည့်၏။" သူက ကျွန်မရဲ့ယောင်္ကျားမဟုတ်သလို
ဘာမှလည်းမတော်စပ်ပါဘူးရှင်...ကျွန်မကို
အတင်းအဓမ္မ ခိုးယူပေါင်းသင်းနေတာပါ
သူပြောတွေကလည်း အကုန်အလိမ်တွေချည်းပါပဲ
ကယ်ပါအုံး ကယ်ပါအုံးနော် "ဖြစ်ချင်ရာဖြစ်ပါစေတော့ဟူသည့်မထူးစိတ်ဖြင့် အားကိုးတကြီးပြောလိုက်တော့ တေဇရဲ့ခပ်စူးစူး
အကြည့်တွေက သူမတစ်ကိုယ်လုံးပေါ်သို့ထိုးဖောက်မတက် စိုက်ကပ်လာ၍ ဝိတ်တာကောင်လေးမှ တစ်ချက်
အကဲဖြတ်ကာ...."စိတ်မရှိပါနဲ့ဗျာ ဒီက အကိုနဲ့ အမရဲ့ပတ်သတ်မှုက
ဘယ်လိုလဲခဗျ.... အမပုံစံကိုကြည့်ရတာလည်း အကို့ကို
အရမ်းနဲ့ကြောက်နေတယ်ထင်တယ် ဒါကြောင့် အကိုနဲ့အမ
ကျွန်တော်တို့ဆိုင်မှာ ခဏလောက်နေဖို့မေတ္တာရပ်ခံပါတယ် "
YOU ARE READING
သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ (Ongoing) [OC]
Romanceပြိုင်ပွဲဆိုရင်တောင် ငါကနံပါတ်တစ်ပဲဖြစ်နေစေရမယ် ပြိုင်ဘက်ဆိုတဲ့အရာမျိုး မလိုချင်တာအမှန်ပဲ ။ ခွန်းနောင်တေဇ မလောနဲ့လေ ဒီပြိုင်ပွဲရဲ့နေရာတော်တော်များများမှာ မင်းရောငါရော နံပါတစ်ယူထားကြတာမဟုတ်လား သူ့ရင်ထဲမှာမင်းလဲရှိသလို ငါလဲရှိတယ်ဆိုတာ မမေ့ပါနဲ့။ ခွန်း...