" ဒီညတော့ အပြင်မှာထွက်စားကြရအောင် ဒီပ "
သူမကအဝတ်တွေခေါက်ရင်း လှမ်းပြောသည်။ နှစ်ဦးကြားဘာမှမဖြစ်ခဲ့သလို အေးဆေးနေတဲ့ သူမပုံစံကြောင့် ရင့်ရင့်သီးသီးပြောမိတဲ့ ကိုယ့်ကိုယ်ကိုယ်လိပ်ပြာမသန့်ဖြစ်နေမိ၏။
" ငါဘယ်မှမသွားဘူး ဒီပ
ဒီနေရာကိုရောက်လာတာ ငါ့ဆုံးဖြတ်ချက်ဖြစ်သလိုထွက်သွားသင့် မထွက်သင့်ကလည်း ငါနဲ့ပဲဆိုင်တယ်"" ဟင်အင်း နင်ငါ့ကို အခုလိုမောင်းထုတ်လို့မရဘူး ဒီအခြေအနေကို ငါတို့အတူရင်ဆိုင်ကြမယ်လေ နင့်ဘေးမှာ ငါတစ်ယောက်လုံးရှိနေသေးတယ်ဆိုတာတစ်ချက်လောက် သတိရပေးပါ ဒီပရယ် "
" အကောင်းဆုံးတွေမပေးနိုင်ပေမဲ့ ငါ့မျက်စိရှေ့က နင့်ကို ဒီထက်ပိုပြီးအထိခိုက်မခံနိုင်တော့အမှန်ဘဲ ဒါကြာင့် နင်ဘယ်လိုပဲထင်ထင် ငါနင့်အနားက ထွက်သွားမှာမဟုတ်ဘူး "
မျက်ရည်ကြည်တွေဝေ့တက်နေတဲ့ မျက်ဝန်းတစ်စုံနဲ့အတူ အဆုံးမှာတိမ်ဝင်သွားတဲ့ သူမရဲ့အသံ။ ဒါပေမယ့် ပြတ်သားရှင်းလင်းနေတဲ့ အရိပ်အယောင်တွေလွှမ်းမိုးထားကာ သူ့အနားကထွက်မသွားဖို့ ဆုံးဖြတ်ချက်တွေက သေချာနေသည်။
" အနည်းဆုံးတော့ မိတ်ဆွေတစ်ယောက်အနေနဲ့
ဆက်ပြီးရှိခွင့်ပေးပါနော်...ငါ ဒါပဲတောင်းဆိုတာပါ ဒီပ ...နင် နင်သူ့ကိုအရမ်းချစ်မှန်းလဲသိတယ် လက်မလျှော့ဘူးဆိုတာလဲ ငါသိပါတယ် "သူ့ရှေ့မှာရိုကျိုးတဲ့ပုံစံနဲ့ လက်တွေကိုဆုပ်ကိုင်လာတဲ့သူမမျက်နှာဟာ အကြီးအကျယ်ယိုယွင်းပျက်စီးနေ
သည်။" တစ်နှစ် ...ငါ့အတွက်တော့ အဲ့ဒီ့ချိန်တွင်းမှာ
အမှတ်တရကောင်းတွေဖြစ်ခဲ့တယ် ဒီပ
ကိုယ်ချစ်တဲ့လူတစ်ယောက်က တခြားသူကိုချစ်နေတယ်ဆိုတဲ့ အသိတစ်ရပ်က မချိခံသာအောင်
နှိပ်စက်လွန်းနေပေမဲ့ ငါနောက်မဆုတ်ချင်ခဲ့ဘူး "" နင့်ရဲ့ 99% က သူ့အတွက်ဖြစ်နေရင်တောင် ကျန်တဲ့ 1% အတွက် ငါနင့်ဘေးမှာရှိနေအုံးမှာ "
ကြာဖြူ့ကိုစေ့စေ့ကြည့်နေတဲ့ သူ့မျက်ဝန်းတွေထဲမှာကြေကွဲရိပ်တွေသမ်းနေသည်။ တွန်းထုတ်ခြင်းရဲ့နောက်ကွယ်မှာ အထီးကျန်မှုတွေပါ ပူးတွဲလျက် ယခုချိန် သူအလိုအပ်ဆုံးက အားပေးနှစ်သိမ့်မှုတွေဆိုတာ သိလိုက်ရပါ၏။
YOU ARE READING
သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ (Ongoing) [OC]
Romanceပြိုင်ပွဲဆိုရင်တောင် ငါကနံပါတ်တစ်ပဲဖြစ်နေစေရမယ် ပြိုင်ဘက်ဆိုတဲ့အရာမျိုး မလိုချင်တာအမှန်ပဲ ။ ခွန်းနောင်တေဇ မလောနဲ့လေ ဒီပြိုင်ပွဲရဲ့နေရာတော်တော်များများမှာ မင်းရောငါရော နံပါတစ်ယူထားကြတာမဟုတ်လား သူ့ရင်ထဲမှာမင်းလဲရှိသလို ငါလဲရှိတယ်ဆိုတာ မမေ့ပါနဲ့။ ခွန်း...