ရေချိုးခန်းထဲရောက်တော့ အခန်းရဲ့အေးစိမ့်စိမ့်အငွေ့အသက်ကိုအရင်ဆုံးရသည်။ သို့သော် နေရာလပ်မကျန်အောင် မွတ်သိပ်နေတဲ့ ဦးရဲ့အနမ်းတွေကြားမှာ အသည်းတသိမ့်သိမ့်တုန်ကာ နွေးထွေးနေရလျက်။ဦးက ရေဇလုံဘောင်ပေါ်ထိုင်ချကာ သူမကိုပေါင်ပေါ်တင်ထားလျက် လက်က ရေခလုတ်ကိုဖွင့်ချ၏။
ဝေါ~~~
အတိုင်းအဆမရှိ တလဟောကျလာတဲ့ ရေသံတွေကြားထဲမှာ ရင်ခုန်သံတွေကပါ စည်းချင်းပြိုင်နေသည်။
အချိန်တော်တော်ကြာကြာထိ ပူးကပ်ထားရာမှ အသက်ရှူကြပ်လာတော့ ဂင်္ဂါ ခေါင်းကိုနောက်ဆုတ်မိသည်နှင့် ဦးဘက်က အလိုက်တသိပင် နှုတ်ခမ်းတွေကို လွှတ်ပေး၏။
မျက်လုံးတွေကရီဝေနေသည်။အမှား အမှန်မသိတော့လောက်အောင် ဦးကအထိအတွေ့တွေနဲ့ ပြုစားထားတော့ သူ့ရင်ဘတ်ကအင်္ကျီကို လက်ဖြင့်ဆုပ်ကိုင်ရင်း အသက်ကိုဝဝရှူသွင်းပါသည်။
ဝေါ~~~ဝေါ~~
ရေအပြည့်ဖြစ်သွားတော့ လူကိုတဖန်ပြန်ပွေ့ချီကာ နှစ်ဦးသား ဇလုံထဲဝင်ထိုင်လိုက်ကြ၏။
အသားထဲစိမ့်ဝင်လာတဲ့ အေးစက်မှုအရသာကြောင့် ဆတ်ခနဲတုန်သွားတော့ သူက သဘောကျစွာ နှုတ်ခမ်းဖွင့်ရယ်သည်။
" အဟက် ! ကိုယ့်ကိုဖက်ထား "
" အင်း "
နားနားလာကပ်ပြောတဲ့အသံက ရင်ဖိုစရာကောင်းလှသည်။ အကြောမြောင်းတွေထနေတဲ့ သူ့လည်တိုင်ကို လက်ဖြင့်သိုင်းဖက်ရင်း ရင်ခွင်ထဲတိုးဝင်တော့ ကျောပြင်ပေါ် သူ့လက်တွေရွေ့လျားနေတာကို ခံစားမိသည်။
ပြီးတော့ သူ့မျက်နှာငုံ့ကျလာခြင်းနှင့်အတူ အသက်ရှူသံပြင်းပြင်းက ပါးပြင်ကိုတိုက်ရိုက်အချိုးကျ ကျီစယ်လျက်။
အေးစက်တဲ့အထိအတွေ့ထက် ရင်ခုန်စိတ်လှုပ်ရှားမှုကြောင့် နှုတ်ခမ်းတွေက တဆတ်ဆတ်တုန်ရီနေ၏။
ဒီအချိန်မှာ ပြောချင်ဆုံးစကားက ဦးကိုသိပ်ချစ်တယ်ဆိုတာပဲ။
ပြတ်စ့် !
မော့ကြည့်လာတဲ့အခိုက် တေဇက သူမနှုတ်ခမ်းတွေကို နောက်တစ်ကြိမ်အပိုင်သိမ်းလိုက်ပြန်သည်။
YOU ARE READING
သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ (Ongoing) [OC]
Romanceပြိုင်ပွဲဆိုရင်တောင် ငါကနံပါတ်တစ်ပဲဖြစ်နေစေရမယ် ပြိုင်ဘက်ဆိုတဲ့အရာမျိုး မလိုချင်တာအမှန်ပဲ ။ ခွန်းနောင်တေဇ မလောနဲ့လေ ဒီပြိုင်ပွဲရဲ့နေရာတော်တော်များများမှာ မင်းရောငါရော နံပါတစ်ယူထားကြတာမဟုတ်လား သူ့ရင်ထဲမှာမင်းလဲရှိသလို ငါလဲရှိတယ်ဆိုတာ မမေ့ပါနဲ့။ ခွန်း...