☀️Part 2🌻(Unicode)

2.2K 106 0
                                    

☀️Love = အချစ်🌻

ရှိုင်းတို့ မြေးအဖွား‌တွေ ရန်ကုန်မှာ ၃/၄ရက်လောက်နေပြီး ရွာသို့ပြန်လာခဲ့ကြသည်

"ဖွားဖွား ရှိုင်းက ကိုကို့အိမ်မှာတစ်ကယ်နေရမှာလားဟင်"
နှုတ်ခမ်းလေးဆူပြီး ချစ်စဖွယ်မေးနေသောမြေးလေးကို ဆံပင်လေးသပ်ပေးကာကာ ဒီအဖွားကြီးမှာ ပြုံးလိုက်မိသည်...

"ဒါပေါ့ မြေးရဲ့ ဖွားမေကလည်း သူ့ဆီမှာမနေရင် စိတ်ဆိုးမှာတဲ့လေ၊ မြေးလေးကြားတယ်မလား"
ဖွားဖွားက လေပြေလေးနဲ့ပြောပြလေတော့ ဖွားဖွားထိုင်နေတဲ့‌ခုံဘေးသို့ ဆင်းထိုင်ကာ ဖွားဖွားရဲ့ဒူးပေါ်မေးလေးတင်ပြီး ချွဲကြည့်ရပေတော့သည်၊ ဟုတ်သည်လေ ကိုယ်က အဆောင်မှာလွတ်လွတ်လပ်လပ်နေမယ်ကြံထားတာကို..

"ဟုတ် အဲ့ဒါကိုရှိုင်းသိပါတယ်ဖွားဖွားရဲ့၊ ရှိုင်းက ဖွားမေကိုတော့ချစ်ပါတယ်၊ ဒါပေမယ့်..."

"ဘာ ဒါပေမယ့်လဲ..ဖွားဖွားသိတယ်နော်၊‌ မြေးရဲ့ကိုကိုကြောင့်မလား၊ အခုထိမတည့်ကြသေးဘူးလား ဒီကလေးတွေတော့"
ဖွားဖွားက ဆူသလိုလေးပြောတော့ ထိုင်နေတဲ့ဖွားဖွားနားသို့ သွားဖက်ပြီး..

"အဲ့ဒါ ကိုကို့ကြောင့်လေ ဖွားရဲ့၊ ရှိုင်းက လူလိမ္မာလေးပါနော်၊ အဲ့ကိုကိုစုတ်က သူအကြီးဆိုပြီး အာဏာအရမ်းပြချင်နေတာရယ်၊ ရှိုင်းကိုဆို စောင်းပြောတာနဲ့ ရွဲ့ပြောတာနဲ့ အဲ့ဒါတွေကြောင့် တွေ့တိုင်းသတ်နေရတာလေ ဖွားဖွားရဲ့"

မတည့်ဘူးသာပြောတာ သူ့ကိုကိုလာလည်ပြီး ပြန်သွားရင် လွမ်းပြီးကျန်နေခဲ့တာသူမဟုတ်သလိုပဲ၊ မေးပြန်ရင်လည်းမဟုတ်ဘူးပြောဦးမှာပဲ၊ မင်လေးကလည်း သူ့ညီကို မချစ်တာမဟုတ်၊ တစ်ဦးတည်းသောသားတွေချင်းမို့ သံယောဇဉ်တော့ ရှိကြတာပါပဲ၊ ဒီကလေးနှစ်ယောက်နဲ့တော့ခက်ပါတယ်၊ မဖြစ်ဘူး ငါတစ်ခုခုစီစဉ်မှကိုရတော့မယ်..
(ဖွားဖွား ဘာတွေကြံနေပြီလဲ သိကြလား😁)

"မြေး...ဖွားဖွား ပြောပြီးပြီနော်၊ မမမေတို့အိမ်မှာပဲနေပြီး ကျောင်းတက်ရမယ်၊ အဲ့လိုမှမဟုတ်ရင် ဖွားဖွားရဲ့ ရက်ကန်းလုပ်ငန်းတွေဦးစီး၊ ကြိုက်တာသာရွေး"
ဒီကလေးနဲ့ ဘေးကျပ်နံကျပ်ဖြစ်အောင်လုပ်မှကိုဖြစ်မယ်၊မဟုတ်ရင် မလွယ်ဘူး ၊မဟုတ်ရင် ဒီအဖွားကြီးကို စိတ်ပျော့အာင်ချွဲပြပါတော့မယ်

☀️Love = အချစ်🌻 (Completed) Where stories live. Discover now